Cervical Squamous cell carcinomas သားအိမ်ဝကင်ဆာတမျိုး

သမီးစဖြစ်တာက ကိုယ်ဝန်ဖျက်ချလိုက်တာ။ အဲ့ဒီ့ကနေ သွေးကမတိတ်ဘူး။ ရပ်လိုက်ပြန်လာလိုက်နဲ့။ အဲ့ဒီ့ကနေ တနှစ်ကျော်တော့ OG နဲ့သွားပြတော့ သားအိမ်ချစ်ပေးတယ်။ သားအိမ်ခြစ်ပြီး ပြန်လာတော့ အနာဖြစ်သွားတယ်။ ရန်ကုန်ကိုသွားခိုင်းတယ်။ ရန်ကုန်ရောက်တော့ ကင်ဆာတဲ့။ 2B တဲ့။ အနာကြီးတဲ့အတွက် ခွဲလို့မရသေးဘူးတဲ့။ ဆေးသွင်းပြီးဓါတ်ကင်ရမယ်တဲ့။ သမီးက ရွာကပါ။ ကလေးသုံးယောက်ရှိပါတယ်။ အငယ်လေးက ၅ နှစ်ပါ။ သမီးကို ကယ်ပါအုံးဆရာရယ်။ သမီးအသက်က ၃၂ နှစ်ပါ။ လမ်းပြပေးပါအုံးဆရာ။ သမီးကိုပြန်ပြောပေးပါအုံး။

အသက်ကိုနောက်ဆုံးမှသာရေးလို့ ထပ်ဖတ်ရတယ်။ မေးနည်းစည်းကမ်းမှာ အသက်-ကျား-မ အရင်ဆုံး ရေးဘို့ပါတယ်။ ဆေးစာ စာကြောင်းသိပါသလား။ 2B ဆိုတာ။

ဟုတ်ကဲ့သိပါတယ်။ သမီးမေးတာ စည်းကမ်းမကျရင် ခွင့်လွှတ်ပါဆရာရယ်။ သမီးအကုန်ရေးပြီးတင်ပေးပါ့မယ်။

ဒီစာထဲက အင်္ဂလိပ်စာလုံးတွေကို ကျော်ဖတ်သွားလည်းရပါတယ်။ သားအိမ်ဝကင်ဆာကို မှန်ဘီလူးနဲ့စစ်ဆေးရင် အမျိုးအစား (၂) မျိုးရှိတယ်။
၁။ Squamous cell carcinoma မှာ ပါးတဲ့ဆဲလ်တွေကပြားနေတယ်။ သားအိမ်ဝအောက်ခြေမှာရှိကြတယ်။ သားအိမ်ဝကင်ဆာတွေထဲမှာ ၈ဝ-၉ဝ% က ဒီအမျိုးအစားဖြစ်တယ်။
၂။ Adenocarcinomas မှာ ဆဲလ်တွေက ဂလင်း ခေါ် အရည်ထွက်အိတ်တွေဖြစ်တယ်။ သားအိမ်ဝရဲ့ အထက်ပိုင်းမှာ ရှိကြတယ်။ သားအိမ်ဝကင်ဆာတွေထဲမှာ ၁ဝ-၂ဝ% က ဒီအမျိုးအစားဖြစ်တယ်။ ၂ မျိုးလုံး ရောဖြစ်တာက ရှားတယ်။ Metastatic cervical cancer ဆိုတာ ကိုယ်ထဲကတခြားနေရာတွေဆီပြန့်နေတာကိုခေါ်တယ်။

သားအိမ်ဝကင်ဆာ ဘာတွေခံစားရမလည်း
မွေးလမ်းကြောင်းကနေသွေးဆင်းခြင်း၊ လင်မယားအတူနေပြီးချိန်မှာသွေးဆင်းခြင်း၊ သွေးဆုံးပြီးနောက်သွေးဆင်းခြင်း။
ရေလို ပန်းရောင်အရည်ဆင်းခြင်း။ အနံရှိတာဆင်းခြင်း။ တင်ပါးဆုံနေရာနာခြင်း။ လင်မယားအတူနေရင် မနာသင့်ပဲ နာခြင်း။ နောက်ကျတဲ့အဆင့်ဆိုရင် တခြားနေရာတွေဆီရောက်လို့ ဆိုရာမှာဖြစ်တာတွေခံစားရမယ်။ တက်စေ့တွေ ရောင်မယ်။ ကိုယ်အလေးချိန်ကျမယ်။ အားယုတ်မယ်။ ခါးနာမယ်။ ခြေထောက် နာမယ်၊ ရောင်မယ်။ ဆီး-ဝမ်း မလုံဖြစ်မယ်။ အရိုးကျိုးလွယ်မယ်။

သားအိမ်ဝကင်ဆာ ဘယ်လိုလူတွေမှာအဖြစ်များသလည်း
ကိုယ်ဝန်ဆောင်ရတာများသူ။ အသက်ငယ်ငယ်နဲ့ကိုယ်ဝန်ဆောင်ရသူ။ မိသားစုရာဇဝင်ရှိသူ။ လိင်အပြုအမူမှာ ထူးခြားသူ (ငယ်ငယ်လေးနဲ့ လိင်ဆက်ဆံသူ၊ လိင်ဆက်ဆံဖေါ်များသူ၊ လိင်ကတဆင့်ကူးစက်ရောဂါရှိသူ)။ ဆေးလိပ်သောက်သူ၊ တားဆေး ၅ နှစ်ကျော်ကြာသောက်သူ။ ကိုယ်ခံအားနည်းသူ။ ကိုယ်ဝန်ပျက်လို့ပေးရတဲ့ Diethylstilbestrol (DES) ဆေး သောက်သူ။ HPV ကြွက်နို့ပိုးရှိသူ။ HPV ကြွက်နို့အမျိုးအစား ၁ဝဝ လောက်ထဲက ၃ဝ-၄ဝ လောက်က လိင်လမ်းကတဆင့် ကူးစက်တယ်။ အဲဒီထဲက ၁၅ မျိုးကနေ သားအိမ်ဝကင်ဆာဖြစ်လာစေနိုင်တယ်။

သားအိမ်ဝကင်ဆာ အဆင့်များ
• Carcinoma in Situ (Stage 0)
• Stage IA (IA1 and IA2)
• Stage IB: (IB1 and IB2)
• Stage II (IIA1 and IIA2)
• Stage III (IIIA and IIIB)
• Stage IV (IVA and IVB)

သားအိမ်ဝကင်ဆာ စစ်ဆေးမှုများ
• Physical exam and history
• Pelvic exam
• Pap test
• Human papillomavirus (HPV) test
• Endocervical curettage
• Colposcopy
• Biopsy
• CT scan
• PET scan
• MRI
• Ultrasound
• Chest x-ray
• Cystoscopy
• Laparoscopy

သားအိမ်ဝကင်ဆာ ကုသနည်းတွေကို အဆင့်၊ အမျိုးအစား၊ ကလေးလိုခြင်သေး မလိုတော့၊ လူနာအသက်၊ ကိုယ်ဝန်ရှိ  မနေတွေအရ ရွေးရတယ်။ သားအိမ်ဝကင်ဆာ ကုသနည်းများ
၁။ Surgery ခွဲစိတ်ကုသနည်း၊
သားအိမ်ဝကင်ဆာ ခွဲစိတ်ကုသနည်းမှာလည်း အမျိုးမျိုးရှိတယ်။
• Conization
• Cold-knife conization
• Laser surgery
• Total hysterectomy
• Hysterectomy
• Radical hysterectomy
• Modified radical hysterectomy
• Radical trachelectomy
• Bilateral salpingo-oophorectomy
• Pelvic exenteration

၂။ Radiation therapy ဓါတ်ကင်နည်း၊
၃။ Chemotherapy ဆေးပေးနည်း၊
၎။ Targeted therapy ပစ်မှတ်ထားကုသနည်း၊

Stage (0) အဆင့် (ဝ) ကို
• Conization
• Hysterectomy
• Internal radiation therapy for women who cannot have surgery

Stage IA cervical cancer is separated into stage IA1 and IA2 အဆင့်ကို
• Conization
• Total hysterectomy with or without bilateral salpingo-oophorectomy

Treatment for stage IA2 အဆင့်ကို
• Modified radical hysterectomy and removal of lymph nodes
• Radical trachelectomy
• Internal radiation therapy for women who cannot have surgery

Stages IB and IIA အဆင့်ကို
• Radiation therapy with chemotherapy given at the same time
• Radical hysterectomy and removal of pelvic lymph nodes with or without radiation therapy to the pelvis, plus chemotherapy
• Radical trachelectomy
• Chemotherapy followed by surgery
• Radiation therapy alone

Stages IIB, III, and IVA အဆင့်ကို
• Radiation therapy with chemotherapy given at the same time
• Surgery to remove pelvic lymph nodes followed by radiation therapy with or without chemotherapy
• Internal radiation therapy
• A clinical trial of chemotherapy to shrink the tumor followed by surgery

Stage IVB အဆင့်ကို
• Radiation therapy as palliative therapy
• Chemotherapy and targeted therapy
• Chemotherapy as palliative therapy
• Clinical trials of new anticancer drugs or drug combinations

Recurrent Cervical Cancer ပြန့်နေတဲ့သားအိမ်ဝကင်ဆာကို
• Radiation therapy and chemotherapy
• Chemotherapy and targeted therapy
• Chemotherapy as palliative therapy
• Pelvic exenteration
• Clinical trials of new anticancer drugs or drug combinations

ဆေးကုသပေးပြီးနောက် ဆေးစစ်နေဖို့လိုသေးတယ်။ (ဆောရီး စာရှည်သွားတယ်။)

ဒေါက်တာတင့်ဆွေ
၂၃-၃-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး