Skip to main content

Cyber and Sidecar ဆိုက်ဘာနဲ့ ဆိုက်ကား

မုံရွာမှာ ဆိုက်ကား အင်အားပြနေကြသတဲ့။ အမေရိကားမှာ အိုဘားမားတက်တုံးက ဆိုက်ကားနဲ့ ထောက်ခံတာမရှိခဲ့ပါ။

၃ဝ-၃-၂ဝ၁၆ နေ့က သမ္မတအဟောင်းကနေ မြန်မာနိုင်ငံရဲ့ သမ္မတအသစ်ကို အဆောင်အယောင်လွှဲပြောင်းပေးတဲ့ဓါတ်ပုံ တွေ့လိုက်ရတယ်။ ရွှေစလွယ်ထင်ပါရဲ့။

အမေရိကားမှာတော့ ယူအက်စ် နူကလီယာလက်နက်များ အမိန့်ပေးခြင်း၊ ထိန်းချုပ်ရေး၊ စိတ်ချရေးနဲ့ လုံခြုံရေးအရ အမေရိကန်သမတဟာ အွန်လိုင်း နူကလီယာ ပစ်လွှတ်ရေးစနစ်ကို အလွယ်တကူ ဝင်ရောက်ခွင့်ရှိတယ်။ အဲဒီ အောင်မြင်တဲ့ အာဏာပေးခြင်းစနစ်ဟာ လုံးဝစိတ်ချရပြီး၊ Foolproof Presidential Retinal Scan System လို့ခေါ်တယ်။

အမေရိကန်စစ်တပ်အရာရှိတဦးကနေ အဲဒါထည့်ထားတဲ့ အထူးပြုလုပ်ထားတဲ့ ဘရိကေ့စ်ကိုဆွဲပြီး သမတဘယ်သွားသွား လိုက်ပါရတယ်။ အဲဒီလက်ဆွဲသေတ္တာကို Football ဘောလုံးကွင်းလို့ ခေါ်တယ်။ အဲတာထဲမှာ နေ့စဉ်ပြောင်းပေးထားတဲ့ ပစ်လွှတ်ရေးကုဒ်ပါတယ် ပစ်မှတ်တွေပါတယ်။ တိုက်ခိုက်ရေးအခြေပြပါတယ်။ တိုက်ခိုက်မှုလုပ်မယ်ဆိုရင် အမေရိကန် သမတဟာ သူ့ဘယ်သူဆိုတာကို အထောက်အထား ကုဒ်ပြောရမယ်။ အဲဒီကုဒ်ပါတဲ့ ပလပ်စတစ်ကပ်ပြားလေးကို ဘီစကစ်လို့ခေါ်တယ်။ အဲတာကိုတော့ သမတက သွားလေရာယူသွားရတယ်။

ကနေ့တော့ အဲဒီ ဘောလုံးကွင်းနဲ့ ဘီစကစ်ကခေတ်နောက်ကျသွားကြပါပြီ။ အိမ်ဖြူတော် ဆိုက်ဘာလုံခြုံရေးစနစ်သစ်အရ နေ့တိုင်းနေ့တိုင်း အွန်လိုင်းကနေ သမတဝဘ်ဆိုက်မှာ ကုဒ်ကို ဖတ်လို့ရတယ်။ ဒါပေမယ့် သမတရဲ့ မျက်စိမြင်လွှာစကန်နဲ့ ကာကွယ်ထားပါတယ်။

အမေရိကားမှာ ဆိုက်ဘာ၊ ကျွန်တော်တို့ဆီမှာ ဆိုက်ကား။ ဘာပဲဖြစ်ဖြစ် ကျေနပ်တယ်။ မြန်မာ့ဆိုက်ဘာခေတ်ကို ဖွင့်ပေးတာနဲ့လည်းတူတယ်။

ဒေါက်တာတင့်ဆွေ
၁-၄-၂ဝ၁၆

Comments

Popular posts from this blog

To get pregnant သားသမီးလိုချင်သူများ၏ မေးခွန်းများ

(ကန်တော့ပါ)

၁။ ဆရာရှင့်သမီးကလေးလိုချင်ပါတယ် ယူထားတာ 3 နှစ်ရှိပါပြီ 1 နှစ်ကဆေးထိုးဆေးသောက်ပါတ် နှစ်နစ်ကျော်ပါပြီ ဆေးမသုံးတာအခုထိကလေးမရသေးလို့ပါ ဖြေကြားပေးပါအုံးရှင့် ပထမ 1 နှစ်က ဆေးထိုးဆေးသောက်ပါတယ် 25 နှစ်ပါ

အခုရတဲ့ မေးခွန်းဖြစ်ပါတယ်။ အသက်ကို အရင်မရေးပါ။ ၂ ခါထပ်ဖတ်ရတယ်။ အသက်-ကျာ-မ အရင်ဆုံးရေးပါရန်လို့ ပြန်ပြန်ပြောရတာ တကယ်ကို အကြိမ်တရာကျော်ပြီ။

ယူထားတာဆိုတာ မရှင်းပါ။ မေးခွန်းတွေအရ ကလေးယူနေတယ်လို့ပြောကြတယ်။ အရင်က မပြောပါ။ မိန်းမယူတာ ယောက်ျားယူတာလို့သာ ပြောကြတယ်။ မေးခွန်းနမူနာလောက်သာ ထည့်ပါမယ်။ စာကလည်းရှည်တယ်။ လင့်တွေတောင် အကုန်မထည့်ပါ။ သားသမီးရဖို့ခက်သူတွေက ကိုယ့်မေးခွန်းကို စနစ်တကျ မေးသင့်ကြတယ်။ စာရေးရတာတောင် သုတေသနတွေအများကြီးရှာပြီး အတော်ကို အချိန်ယူရတာ။

ကိုယ်ဝန်မရသေးရင် ဇနီးရော ခင်ပွန်းကိုပါကြည့်ရတယ်။ အမျိုးသမီးက ရာသီလ မှန်နေရမယ်။ လစဉ်မျိုးဥထွက်နေရမယ်။ သားအိမ်နဲ့ မျိုးဥအိမ်တွေမှာ ရောဂါ (အလုံး-အကျိတ်-အိတ်) မရှိရ။ သားအိမ်ပြွန် ပွင့်နေရမယ်။ ကိုယ်အလေးချိန် များနေရင် လျှော့ပေးမယ်။ လည်ပင်းကြီးဟော်မုန်း လိုအပ်သူ စစ်ရမယ်။ လိုအပ်ရင် ယောက်ျားသုက်ရည်စစ်ရမယ်။

မျိုးဥထွက်ဆေးနေ့တိုင်းမေးကြတယ်။ မျိ…

Kidney Stones Home Remedies ကျောက်တည်တာသက်သာအောင် အိမ်မှာဘယ်လိုလုပ်မလဲ

၁။ ဒေါက်တာရှင့် ဆီးလမ်းကြောင်းမှာ ကျောက်တည်နေပါသည်။ သမီး fb မှာ ဒီကောမက်တခုပဲရေးတတ်ပါသည်။ တခြားဘာမှမလုပ်တတ်ပါ။ ခုက့ မှာနေပါတယ်။ သမီးရဲ့ညီမလေးပါ။ ဗိုက်အောင့်အောင့်နေတာ ကြာပါပြီ။ ဆေးသွားပြ ဓါတ်မှန်ရိုက်တော့ ဆီးလမ်းကြောင်းမှာ ကျောက်ရှိတယ်လို့ပြောပါတယ်။ လူက အရမ်းပိန်ပါတယ်။ ခွဲရမှာလဲ မိသားစုနဲ့ ဝေးတော့ အရမ်းအားငယ်နေတာပါ။ သမီးနားမလယ်လို့ပါဒေါက်တာ ကယ်တင်နိုင်တဲ့ဒေါက်တာ တွေ့တာနဲ့ဝမ်းသာအားရ မေးမိတာပါ။ မခွဲချင်ပါဘူးရှင့်။ ကျေးဇူးပြုပြီး ဘယ်လိုလုပ်ရမယ်ဆိုတာ စိတ်အရမ်းပူနေလို့ပါရှင့်။
၂။ ဆရာ ကျနော့်အမေ ကျောက်ကပ်နှစ်ဘက်စလုံးခွဲထားရပါတယ်။ ဆယ်နှစ်ကျော်ပါပြီ။ ကျောက်တည်နေလို့ပါ။ အခုလဲ ကျောက်တွေပြန်တည်နေလို့ပါ။ အသက်က (၆၃) နှစ်ပါ။ ခုတလောအခြေအနေ နဲနဲဆိုးနေပါတယ်။ အဲဒါ ကျောက်ကျစေမဲ့ နည်းလမ်းများရှိရင် သိချင်ပါတယ်ဗျာ။ ထပ်ခွဲဖို့ဆိုတာကလဲအခက်အခဲနဲနဲရှိလို့ပါ။ ကျေးဇူးတင်ပါတယ်။
၃။ ကျွန်တော့့် မှာ အလုပ်လုပ်နေပါတယ်။ လွန်ခဲ့တဲ့ တနှစ်က နံရိုးဘေးအောက်မှာ နေ့တဝက်လောက် မခံမရပ်နိုင်လောက်အောင် နာကျင်ခဲ့ဖူးပါတယ်။ အခုတခါ ထပ်နာလာပါတယ်။ အာလ်ထွာဆောင်းရိုက်တော့ ကျောက်ကပ်မှာ ကျောက်တည်နေပါတယ်။ တဖက်က တစ်လုံး နောက်တဖက်က သ…

Hepatitis B treatment (ဘီ) ပိုးကုသနည်း

ကျွန်မ နာမည် မ့ပါ။ အသက် ၂၅ နှစ်ပါ။့ တစ်ယောက်ပါ။ လွန်ခဲ့တဲ့တနှစ်ခွဲလောက်ကမှ ဘီပိုးရှိမှန်းသိခဲ့ပါတယ်။ သမားတော့့် နဲ့ပြပြီး Tenvir ဆေးကို ခြောက်လလောက်သောက်ပြီးပါပြီရှင့်။ သွေးပြန်စစ်တော့လည်း ဘီပိုးရှိနေတုန်းပါပဲ။ ဆေးသောက်ပြီး ကိုယ်အလေးချိန် ဆယ်ပေါင်ကျသွားပါတယ်။ သမားတော်က ဆေးပဲဆက်သောက်ခိုင်းပါတယ်။ ဘယ်လောက်ထိသောက်ရမယ် ဘယ်အချိန်ထိ ဆက်သောက်ရမယ် မပြောပါဘူး။ အခု ကျွန်မ တာဝန်ကျတဲ့ရွာကိုရောက်နေလို့ ဆေးပြတ်တာလည်း ခြောက်လကျော်ပါပြီ။ ကျန်းမာရေးဝန်ထမ်းဖြစ်လို့ လူနာတွေဆီ ပိုးကူးမှာလည်းကြောက်ပါတယ်။ ဘာဆက်လုပ်ရမလဲ အကြံပေးပါဆရာရှင့်။ နောက်ပြီး ဘယ်လိုအားဆေးတွေ သောက်လို့ရနိုင်မလဲ ပြောပြပေးပါရှင့်။ ကျွန်မအနားမှာ ကျန်းမာရေးဝန်ထမ်းများပေမယ့် အားလုံးက ဘီပိုးသမားဆို ရှောင်ကြလို့ ဆရာ့ဆီ အကူအညီတောင်းရတာပါ။ ကျေးဇူးပြု၍ ကူညီပါဆရာရှင့် လေးစားစွာဖြင့်။

ဆရာရှင့် B ပိုးရှိသူ ကုသပျောက်ကင်းနိုင်ပါသလား။ အကုန်အကျများပါသလားဆရာ။ မတတ်နိုင်သူတွေက အသည်းရောဂါနဲ့ သေရမယ့်အချိန်ထိုင်စောင့်နေနေရမှာမျိုးလားဆရာ။ အခြားနည်းလမ်းရှိရင်သိပါရစေ။ တနိုင်ငံလုံးက ငွေမတတ်နိုင်တဲ့ရောဂါရှင်များအတွက်အခြားနည်းလမ်းရှိရင်သိပါရစေ။

အသည်…