End of an Era ဆုတောင်းရင်ပြည့်တယ်

သတင်း = မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အစိုးရအဖွဲ့ရုံးများ လိုက်လံစစ်ဆေးစဉ် ဝန်ထမ်းများက “အဘ” ဟု ခေါ်ဆိုသည့်အပေါ် သတိပေးပြောဆိုလိုက်ခြင်းဖြစ်သည်။ (ဧရာဝတီ)

ကျွန်တော်ဆီ မေးလာ-ရေးလာသူတွေက (အဘ) ကို ဗုံးပေါလအောသုံးနေကြလို့ သိုက်စာဘာသာပြန်ရသလိုဖြစ်လို့ အဘတို့ခေတ်-သမီးတို့ခေတ်ကျဆုံးပါစေလို့ ခဏခဏ (ခဏခဏ) ရေးနေခဲ့ရတယ်။

ကျွန်တော်ကို အကို၊ ဦးလေး၊ အဘ၊ ဘဘလို့အခေါ်ခံရတာနဲ့ စာရေးတဲ့သူကနေ သား၊ သမီးလို့ရေးတာတွေဟာ အခက်အခဲတွေ ဖြစ်စေပါတယ်။ သားလို့ရေးရင် ရေးတဲ့သူလား၊ သူ့သားလား စဉ်းစားရတယ်။ သမီးလို့ ရေးတဲ့သူဆိုရင် ရေးတဲ့သူလား၊ သူ့သမီးလား၊ သူ့ (မြေးမလေး) လား စဉ်းစားရတယ်။ ကိုယ့်နာမည်ကို အဖျားဆွတ်ရေးတာလည်း နားလည်ရခက်တယ်။

အဘလို့ရေးတာကိုတော့ မသတီပါ။ အဘဆိုတာ စစ်အစိုးရထဲကလူကြီးတွေကို ခေါ်ကြတယ်၊ တပ်ရင်းမှူးကို ခေါ်ကြတယ်။ နိုင်ငံရေးလုပ်သူတွေကို ဖမ်းဆီးနှိပ်စက်၊ ထောင်ချခဲ့သူကိုယ်တိုင်က ထောင်ကနေလွတ်လာတော့ သူ့ကိုယ်သူ အဘတဲ့။

ကိုယ့်အမျိုးတွေ၊ ရင်းနှီးသူတွေအချင်းချင်း ကြိုက်သလိုခေါ်ကြတာ ဘာမှပြောစရာမရှိပါ။ ကျွန်တော့်ဆီရေးရင်တော့ မလိုတဲ့အချိန်လည်းကုန်ရလို့ပါ။ အဘလို့လည်း မခေါ်ကြနဲ့။ အဘလိုလည်းမလုပ်ကြနဲ့။ အဘခေတ် ကျဆုံးပါစေ။

နာမည်နဲ့ အချိန်အပိုတွေ ကုန်ခဲ့ရတယ်။ (ဦးကြီး) ခေတ်လည်း အဲလိုကျဆုံးခဲ့ပြီးပါပြီ။

ဒေါက်တာတင့်ဆွေ
၃၁-၃-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး