Fake and Real ပယောဂညှော်

ဆေးအတုတို့ ကြော်ငြာဆေးတို့ဆိုရင် ရှယ်ကြပြီ၊ မေးကြပြီ။ နိုင်ငံရေးနဲ့ လူမှုရေးမှာလည်း စာအတုဆိုရင် ရှယ်ကြပြီ၊ ကြိုက်လိုက်ကြ၊ ဆဲလိုက်ကြများလှသည်။ တကယ့်အဖြစ်နဲ့ အစစ်ဆိုရင်တော့ ခပ်ပေါ့ပေါ့သဘောထားကြသည်။

အရက်နဲ့ မူးယစ်ဆေးတွေဟာ မွေးရာပါစိတ်ကို ပြောင်းစေတယ်။ ဝါဒမှိုင်းမိထားသူတွေလည်း အတူတူပဲ။ အစစ်အမှန်၊ မျိုးဗီဇနဲ့ အစဉ်အလာတန်ဖိုးတွေကို ဘာလို့ တန်ဖိုးမထားချင်ကြတော့သလည်း ဆန်းစစ်ကြစေချင်တယ်။

ဒီမိုကရေစီအတုကို ပြောင်းအောင်လုပ်နိုင်လာကြပြီဖြစ်လို့ မွေးရာပါမူလတန်ဖိုးအစစ်တွေ ပြန်လည်ထွန်းကားအောင် တယောက်ချင်းစီက လုပ်ကြရပါမယ်။ အရက်ရှိန်မပါစေနဲ့။ မူးယစ်ဆေးအရှိန်မပါစေနဲ့။ ဝါဒမှိုင်းတွေကနေလွတ်ပါစေ။ လူတိုင်းဟာ အမေမွေးလာတော့ အကောင်းချည်းပါ။ ပယောဂညှော်တွေကို ရှောင်ကြပါခင်ဗျား။

ဒေါက်တာတင့်ဆွေ
၆-၃-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး