Fireplace smoke ထမနဲနဲ့ ထင်းမီးခိုး

ကနေ့ အင်ဒီယာနာပိုးလစ်မြို့က ဘုန်းကြီးကျောင်းမှာ ကပ်လှူကိုးကွယ်ထားတဲ့ ညောင်ပင်လေးနှစ်ပင်ကို ကြည့်ခဲ့တယ်။ မိုးဗြဲဒယ်ကြီးတွေနဲ့ ထမနဲထိုးနေတာကိုလည်း အကြာကြီးရပ်ကြည့်ခဲ့တယ်။

ခုထိတော့ ထမနဲကို မြည်းမကြည့်ရသေးပါ။ ဒကာဒကာမတွေ တက်ညီလက်ညီ ထမနဲထိုးနေကြတာကို ကြည့်ရတာနဲ့ ဝနေပြီ။ အတော်မလွယ်တဲ့ ထမနဲထိုးပညာပဲ။ ဆေးထိုးရတာထက် ခက်တယ်။

ဆေးပေးစရာ လူနာသုံးယောက်လည်းတွေ့ခဲ့တယ်။ သူတို့အတွက် ဒေလီကိုလှမ်းပြီး ဆေးတွေမှာပေးရအုန်းမယ်။

ကနေ့ လေအတော်တိုက်တယ်။ ထင်းမီးခိုးနံ့ကို မရှူရတာကြာပြီဆိုတာလည်း သိလိုက်တယ်။ မြန်မာပြည်ကိုသာ သတိရလိုက်ပါတယ်။

ဒေါက်တာတင့်ဆွေ
၆-၃-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး