Floating Water Hyacinth အဆင်းနဲ့ အလာ၊ ဗေဒါမအထွေး

• လှေအဆင်း မြင်းအတက်တဲ့။ သတိကြီးကြီးထားရမယ့် နေရာတွေပေါ့။
• ထွက်ကန်ကန်တာတို့၊ ပတ်မကြီးထိုးဖေါက်တာတို့၊ သဲနဲ့ပက်တာတို့ကတော့ ရိုးလှပြီ။ မြင်ရဖန်များလွန်းလို့။
• ကမ်းနားသစ်ပင်ဆိုတာ မင်းမှုထမ်းကိုပဲပြောတယ် ထင်နေကြတယ်။ ကမ်းနဖူးကနေထိုင်ပြီး သားအဖနှစ်ယောက်နဲ့ မြည်းတကောင်ပုံပြင်ပဲ ထပ်ချည်းတလည်း ပြောနေကြတယ်။ သူထိုင်နေတဲ့ကမ်းပါး ရေစားနေတာတော့ သိပုံမရဘူး။
• အာဏာမှာတော့ အဆင်းရော၊ အတက်ပါ အရေးအလွန်ကြီးတယ်။
• ထိုင်စီးတဲ့သူတွေကလည်း လှေမလူးအောင်၊ မြင်းဇက်တင်းတင်းကြီးမဆွဲမိအောင်သတိထားမှ တော်ကာကျမယ်။

ဒေါက်တာတင့်ဆွေ
၂၅-၃-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး