Independent တသီးပုဂ္ဂလ

Aung Khin ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၆၅၂ ဦးတွင် NLD ၃၉ဝ ဦး၊ တပ်မတော်သား ၁၆၆ ဦး၊ USDP ၃၈ ဦး၊ အခြားပါတီနှင့် တစ်သီးပုဂ္ဂလ ၅၈ ဦး ပါဝင်သည်ကို တွေ့ရှိရသည်။ မတ်လ ၁၅ ရက်နေ့ နိုင်ငံတော်သမ္မတ ရွေးချယ် တင်မြှောက်ပွဲတွင် ဦးထင်ကျော်သည် ၃၆ဝ မဲ၊ ဦးမြင့်ဆွေသည် ၂၁၃ မဲနှင့် ဦးဟန်နရီဗန်ထီးယူသည် ၇၉ မဲ အသီးသီး ရရှိခဲ့သည်။ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးနဲ့ ပေါင်းလိုက်ရင် ၂ဝ၄ ယောက်ပဲ ရှိတယ်။ ဒါပေမဲ့ ဦးမြင့်ဆွေရတဲ့မဲက ၂၁၃ မဲ ရှိပါတယ်။ ဒါကြောင့် တသီးပုဂ္ဂလကိုယ်စားလှယ်ထဲက ၉ ယောက်က ဦးမြင့်ဆွေကို မဲပေးပါတယ်။ ကျန် ၄၉ ယောက်က ဦးထင်ကျော်နဲ့ ဦးဟန်နရီဗန်ထီးယူတို့ကို မဲပေးခဲ့တာဖြစ်ပါတယ်။့။

ကျွန်တော့်အမြင် -
လွှတ်တော်ထဲမှာ အမတ်တွေ ကိုယ့်သဘောကျ မဲပေးခွင့်ရှိကြပါတယ်။ လှို့ဝှက်မဲစနစ်ဖြစ်လို့ ဘယ်သူက ဘယ်သူ့ကို ပေးသလည်း မသိရပါ။ မသိချင်ပါ။ ဒါပေမယ့် -

အမတ်တွေကနေ သူတို့ ဘယ်သူ့ကို မဲပေးခဲ့တယ်ဆိုတာတော့ မဲဆန္ဒရှင်တွေမှာ သိခွင့်ရှိစေချင်တယ်။ ထုတ်ပြောရဲတဲ့ သတ္တိရှိကြလားလည်း မေးချင်မိတယ်။ ဥပဒေအရ အဲလိုလုပ်ခွင့်မရှိတာတော့ သိပါရဲ့။

မဲဆန္ဒရှင်တွေနဲ့ သူတို့ကိုယ်စားလှယ်တွေ သဘောထားချင်း တူကြသလားလည်း သိချင်မိတယ်။ အဲတာတော့ လုပ်ခွင့် ရှိပါတယ်။ ဦးမြင့်ဆွေကိုမဲပေးခဲ့ကြတဲ့ တသီးပုဂ္ဂလ (၉) ယောက်ပြောတာကိုလည်း သိချင်တယ်။

ဒေါက်တာတင့်ဆွေ
၁၉-၃-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး