စောင်း နှင့် ဆောင်း

အာထွာစောင်းဆိုပြီးရေးနေကြတာမှားကြောင်း ခဏခဏပြင်ရတယ်။ အာလ်ထွာဆောင်း၊ အာထွာဆောင်းလို့သာ ရေးရတယ်။

အခု စောင်းတန်းနဲ့ ဆောင်းတန်း

ဆရာခင်ဗျာ ဆရာလုပ်တာမဟုတ်ပါဘူး။ ဆောင်းတန်းပါ စောင်းတန်းမဟုတ်ပါ။ မှားတာပါရင် ခွင့်လွှတ်ပါခင်ဗျာ။

အဲလိုပြောတာ မဟုတ်ပါ။ စောင်းတန်းကသာ အမှန်ဖြစ်ပါတယ်။

ဆရာရဲ့ စောင်ပါးတွေ ဆေးနည်းတွေကို အမြဲမှတ်ထားပါတယ်

စောင်ပါး မဟုတ်။ စောင်းပါး မဟုတ်။ ဆောင်းပါးဖြစ်ပါတယ်။

စောင်း
တိမ်းစောင်းသည်
မြင်းစောင်း
ရှားစောင်းပင်
စောင်းကန်းစောင်းကန်း
စောင်းချိတ်ပြောသည်
စောင်းငဲ့သည်
စောင်းစလွယ် (ခြင်းခတ်နည်း)
စောင်းတန်း
စောင်းတီးသည်
စောင်းပါးရိပ်ခြည်
စောင်းငြင်း
စောင်းရွဲ့
စောင်းလျားသီး
စောင်းကောက်
စောင်းမြောင်းသည်

ဆောင်း
ငါးဖမ်းရန်ဆောင်း
ထီးဆောင်း
မဆောင်း၊ ဒေါ်ဆောင်း (အမည်)
အပိုဆောင်း
အာလ်ထွာဆောင်း (အာထွာဆောင်း)
အုပ်ဆောင်း
ဆောင်းဥတု
ဆောင်းမေးခါး (ယောအသုံး)
ဆောင်းနှင်းမြူ

အေးလွန်းလို့ စောင်ပါးနဲ့မရ။ စောင်းလည်းမတီးတတ်။ Smile!

ဒေါက်တာတင့်ဆွေ
၁၆-၁ဝ-၂ဝ၁၆
၁၆-၁ဝ-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး