မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Sunday, March 27, 2016

Maung Tint Te မောင်တင့်တယ်

(နတ်အကြောင်း လက်စနဲ့တင်ပါရစေ။)

ဆေးကျောင်းကတည်းက အရင်းနှီးဆုံး သူငယ်ချင်းနှစ်ယောက်ကနေ ကျွန်တော်ရေးတာလေးတွေအောက်မှာ မှတ်ချက်တွေရေးလာကြတယ်။ သူတို့က ကျွန်တော်လို နိုင်ငံရေးထဲမှာ ဝင်ပါကြတာမဟုတ်ပါ။ ဒါပေမဲ့ တကယ့်ပကတိ တိုင်းပြည်အခြေအနေကို ကျွန်တော်သိသလိုပဲ သိပါတယ်။ တယောက်က ရေးတယ်၊ တိမ်တောင်သဖွယ် မင်းရေးကျယ် ဆိုတဲ့စကားလောက်နဲ့တော့ မလုံလောက်တော့ဘူး ထင်တာဘဲ။ မင်း၏ပရိယာယ် ငတင့်တယ်၊ နားဝယ်မလည်ရှာ ဆိုတာမျိုးလည်းမဖြစ်စေချင်ပါတဲ့။

ငတင့်တယ်ကို လူငယ်တွေက သိချင်မှသိကြတယ်။ တကောင်းနေပြည်တော်ခေတ်ကပါ။ ပန်းပဲမျိုး မောင်နှမသုံးယောက် ရှိတယ်။ အကြီးဆုံးက မောင်တင့်တယ်နဲ့ နှမနှစ်ယောက်။ မောင်တင့်တယ်ဟာ ကိုယ်ခန္ဓာ သန်မာထွားကျိုင်းပြီး၊ ခွန်အားဗလ အလွန်ကောင်းတယ်။ တစ်နေ့တခြား မောင်တင့်တယ်ရဲ့ သတင်းကြီးလာတဲ့အခါ၊ အမတ်တွေ၊ ဝန်ကြီးတွေက မလိုမုန်းထားနဲ့ ဘုရင်ကို ကုန်းစကားလျှောက်ကြတယ်။ ဘုရင်လုပ်သူကလဲ သူ့ထီးနန်လုမှာ စိုးရိမ်လာပြီး၊ မောင်တင့်တယ်ကို ဖမ်းမိန့် ပေးလိုက်ပါတော့တယ်။ အပြစ်မရှိတဲ့ မောင်တင့်တယ်ဟာ မင်းပြစ်မင်းဒဏ်က လွတ်ရာဒေသ ပုပ္ပါးနယ်တစ်ဝိုက်မှာ ပုန်းအောင်းရတယ်။ မောင်တင့်တယ်ကို ဖမ်းမရတော့ ဘုရင်ဟာ ဥပါယ်တံမျဉ် ကြံစည်ပါတော့တယ်။ မောင်တင့်တယ်ရဲ့ နှမအကြီးကို မိဖုရားမြှောက်ပြီး အယုံသွင်းပါတယ်။ နောက်ဆုံးမှာ မောင်တင့်တယ်ကိုဖမ်းမိပြီး ရက်ရက်စက်စက် သတ်ပြစ်ရာကနေ မောင်တင့်တယ်ဟာ နတ်ဖြစ်သွားပြီး၊ အပြင် ၃၇ မင်းထဲက မဟာဂီရိနတ်လို့ အမည်တွင်လာပါတယ်။

ကောက်ချက်ကတော့ ထီးနန်းစည်းစိမ်ကိုစိုးရိမ်လို့ ဘုရင်လုပ်သူက ပရိယာယ်ဆင်ပြီး၊ သတ်ပြစ်လို့ နတ်ဖြစ်သွားသူပေါ့။ ဆိုးသွမ်းတဲ့ ဘုရင်၊ မင်း၊ အုပ်စိုးသူဆိုတာ အာဏာကိုထိပါးလာရင် ပရိယာယ်တွေဆင်မယ်၊ ဖမ်းမယ်၊ သတ်ပြစ်မယ်။ မင်းဆိုးတာသိပါ၊ ပရိယာယ်ကို မြင်တတ်ပါ။ ကပ်မြှောင်အမတ်တွေ၊ ဝန်ကြီးတွေကိုလဲ သတိထားကြပါ။

ဒေါက်တာတင့်ဆွေ
၁၂-၇-၂ဝ၁၄

No comments:

Post a Comment

Note: Only a member of this blog may post a comment.