Medical entrance ဆေးကျောင်းတက်ခွင့်

ဆရာ မင်္ဂလာပါ  ဆရာ့ကို ဆေးကျာင်းအမှတ်ဝင်ခွင့်နဲ့ ပတ်သက်ပြီးမေးကြည့်ချင်လို့ပါ။ ၂ဝဝ၇ တုန်းက ယောက်ျားလေးဆို အမှတ် ၄၅ဝ မိန်းကလေးဆို ၄၈၅ ဆိုပြီးခေါ်ထားတယ်ဗျ (အခု ၂ဝ၁၅ အမှတ်တော့ မသိ)။ ကျွန်တော်သိချင်တာက ဘာဖြစ်လို့ ဆေးကျောင်းမှာ မိန်းကလေး ယောက်ျားလေးခေါ်တာ အမှတ်မတူတာလဲ (အကြောင်းအရင်း)။ ဘယ်အချိန် ကနေစပြီး အမှတ်ခွဲထားတာလဲ။ ဘယ်သူက အမှတ်ခွဲထားဖို့ အစပြုခဲ့တာလဲ။ တကယ်လို့များ ဆရာ့အနေနဲ့ ဖြေဖို့ခက်ခဲရင် ရန်ကုန်မှာဖြေပေးနိုင်မဲ့ တခြားသောဆရာများရှိမည်ဆိုလျှင် လမ်းညွှန်ပေးပါ။ ကျေးဇူးပါ။ ဆရာတို့ နှစ်တုန်းကရော အမှတ်စခွဲထားပြီလား။ ဆရာတက်တဲ့ အချိန်က ဘယ်နခုနှစ်လဲဗျ။ ဆေးကျောင်းသမိုင်းလေး ပြန်လေ့လာလို့ရမယ်ဆို link လေးလဲ လိုချင်ပါတယ်။

ဆေးကျောင်းဝင်ခွင့်က အဆင့်ဆင့်ပြောင်းလာတယ်။ ကျွန်တော်တို့ (၁၉၆၅-၇၂) အရင်မှာ (အင်တာ) I. Sc. ကို RASU/MASU ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှာ (၂) နှစ်သွားတက်ကြရတယ်။ (အင်တာ) မှာ Biology ဇီဝဗေဒဘာသာ ယူသူတွေထဲကနေ အမှတ်မီသူတွေက ဆေးကျောင်းကို ပြောင်းလာရတယ်။ အဲတာက ၁၉၆၃ အထိဖြစ်မယ်။ အဲဒီကာလမှာ (ဘိုင်အို-ထိုင်ငို) ခေတ်ဖြစ်တယ်။ ခက်တယ်လို့ ပြောကြတယ်။ ဆရာတွေအများစုက နိုင်ငံခြားသားတွေ (India များမယ်) ဖြစ်ပြီး ဘာသာရပ်အားလုံး အင်္ဂလိပ်လိုသင်လို့လည်းဖြစ်ပါမယ်။

၁၉၆၄ ကစပြီး ILA (Intelligent Level and Aggregate) စနစ်နဲ့ ၁ဝ တန်းမှာ Science သိပ္ပံတွဲယူသူရော Art ဝိဇ္ဇာတွဲ ယူသူတွေပါ တက်နိုင်အောင်လုပ်တဲ့ စနစ်စသုံးတယ်။ ဘာဘာသာကိုမဆို Grade 1 to 10 ကိုတွက်ချက်တယ်။ (ဂရိတ်) မှာ ဥပမာ မြန်မာစာကိုသတ်မှတ်တာနဲ့ ဓါတုဗေဒကိုသတ်မှတ်တာ မတူပါ။ မြန်မာစာမှာ အမှတ် (၆ဝ) ရရင် ဂရိတ် (၉) ရမယ်။ ဓါတုဗေဒမှာ (၇၅-၈ဝ) ရမှသာ အဲလိုရမယ်။ အဲတာက အကြမ်းပြောတာပါ။ Grade အတူတွေကို Aggregate စုစုပေါင်းနဲ့ ဆေးကျောင်း (၃) ခုက လက်ခံနိုင်တဲ့အရေအတွက်အရ အပေါ်ဆုံးက ကျောင်းသားတွေကို ယူတယ်။ ၁၉၆၅ မှာ ဆေး (၁) က ၃ဝဝ၊ ဆေး (၂) က ၇၅ နဲ့ ဆေးမန်းက ၁ဝဝ လို့မှတ်မိတယ်။

သိသလောက်တော့ ကျား-မ အမှတ်ခွဲတာ မရှိခဲ့ဘူးထင်တယ်။

၁၉၆၄ ကစပြီး အင်္ဂလိပ်-မြန်မာ ရောသင်-ရောဖြေ (ကပြား) စနစ်ဖြစ်လာတယ်။ ဆရာတွေ တဝက်လောက်က အင်္ဂလိပ်လို သင်တယ်။

သမိုင်းပြုစုတာကို အားပေးတယ်။ သူများတွေကိုလည်းမေးပါ။ စီနီယာတွေက ပိုပြောနိုင်တာတွေရှိတယ်။ ဒီစာလေးကို ဖတ်ရတဲ့ သူငယ်ချင်းတွေရေ့ ဖြည့်ပြော၊ ပြင်ပေးကြပါအနုး။

ဒေါက်တာတင့်ဆွေ
၂၂-၃-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး