MP Hostel အောင်ဆန်းဆောင်

Thet Lwin အမတ်တို့၏ အဆောင်အယောင်ပါတဲ့။

တင်ပေးသူကလည်း ဆရာဝန်။ ကျွန်တော်နဲ့အတူ မန္တလေးဆေးတက္ကသိုလ်၊ အောင်ဆန်းဆောင်မှာ တချိန်တည်း နေဖူးသူဖြစ်ပါတယ်။ ကျွန်တော်တို့တတွေကလည်း တခန်းမှာ ၂ ယောက်နေကြရတယ်။ ပုံထဲကနဲ့ သိပ်မကွာပါ။ ကုတင်ခေါင်းရင်းမှာ စာကြည့်စားပွဲတခုစီရှိတယ်။ ကုတင်တခုနဲ့တခုကြား ၃ ပေလောက်ကျယ်တယ်။ ကျွန်တော်တို့က ထမင်းစားဆောင်သွားစားကြရတယ်။ တခါတလေတော့ ကိုယ့်အခန်းမှာပဲ ချက်ပြုတ်တာလည်းလုပ်ကြတယ်။

ကျွန်တော်တို့က အမတ်တွေထက်သာတာရှိတယ်။ သူတို့က ၅ နှစ်၊ ကျွန်တော်တို့က ၇ နှစ်။ ဒါပေမယ့် သူတို့ထဲမှာ နှစ်ကြီးသမားက များတယ်။ ထောင်သက်။

ဒေါက်တာတင့်ဆွေ
၂၉-၃-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး