Official Language အလယ်လူစကားဝဲ၏

မနေ့က လွှတ်တော်ကသတင်း တိုက်ရိုက်လွှင့်တာကို တောက်လျှောက်ကြည့်နေခဲ့ပါတယ်။ သူများတွေမပြောတာတခု သတိထားမိတယ်။ ကရင်လူမျိုး နာယကကြီးက ဗမာစကားကို ကျကျနနပြောသွားတယ်။
ဒေလီမှာနေခဲ့တုံးက မြန်မာပြည်ကလာကြတဲ့ဒုက္ခသည်တွေအတွက် ၁၂ နှစ်ကြာဖွင့်ခဲ့တဲ့ ယမုန်နာဆေးခန်းလေးမှာ စေတနာနဲ့လာကူညီကြတဲ့ ဆရာမလေးတွေရှိတယ်။ ကျွန်တော်ပြောတတ်တာက ဗမာစကားသာဖြစ်တော့ ချင်းစကားသာမက ဗမာလိုပါပြောတတ်တဲ့သူတွေကသာ ဆေးခန်းလာပြီး ဆရာမလုပ်လို့ရတယ်။

လူနာ ၉ဝ% လောက်က ချင်းပြည်နယ်ကနေလာကြသူတွေဖြစ်တယ်။ တချို့က ဗမာစကားတလုံး တပါဒမှ မပြောပါ။ တချို့ကနားလည်ပေမယ့် ဗမာလိုမပြောချင်ကြတာလည်းသိတယ်။

ဆရာမလေးတွေကို အားတဲ့အခါ သုတရစရာလေးတွေနဲ့အတူ နိုင်ငံရေးပါ ကြားညှပ်ပြောပါတယ်။ အေ့း့ ကိုယ့်ရွာက စကားသာပြောတတ်ရင် ကိုယ့်ရွာမှာတော့ သူကြီးလုပ်လို့ရမယ်။ ဗမာစကားပါတတ်ရင် ဘယ်တိုင်းရင်းသားဖြစ်ဖြစ် တိုင်းပြည်မှာ သမတအထိလုပ်လို့ရတယ်ကွလို့။

ဗမာစကားက တိုင်းပြည်ရဲ့တရားဝင်ရုံးသုံးစကားဖြစ်လို့ပါ။ ဘယ်နယ်ကလည်း၊ အလယ်လူစကားဝဲ၏ဆိုတာ ကျွန်တော်တို့ သူငယ်တန်းဖတ်စာထဲကဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၅-၃-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး