Palm wine ထန်းရေ

Sanda Phyo Wai ထန်းရည်မှာကော Alcohol အရက်ပါဝင်မှု % သိရရင် ကောင်းမှာပဲဆရာ။

Toddy palm (Palmyra palm) ထန်းပင်၊ Nipa palm ဓနိပင်၊ Coconut palm အုန်းပင်၊ Date palm စွန်ပလွန်ပင် စတဲ့ အပင်တွေကနေ မူးစေတဲ့သောက်စရာတွေ ထုတ်လုပ်နိုင်ကြတယ်။ အာရှ၊ အာဖရိက၊ တောင်အမေရိကဒေသတွေမှာ သုံးတယ်။ စွယ်စုံကျမ်းတွေထဲမှာ မြန်မာပြည်က Htan Yay (ထန်းရေ) လည်းပါတယ်။

Palm sap အရည်ကို အပင် (အပွင့်) ကနေရယူပြီး သဘာဝ Yeast တဆေးနည်းနဲ့ ကစော်ဖေါက် Fermentation (ဖါမင့်တေးရှင်း) ဖြစ်စေတယ်။ ၂ နာရီအတွင်းမှာ အနံ့တမျိုးလေးနဲ့ Aromatic wine အနံတမျိုးနဲ့ဝိုင်တမျိုးရလာတယ်။ အရက်ပါဝင်မှု ၄% အထိရှိတယ်။ အချိုအရသာနဲ့ မူးဝေစေတယ်။ တရက်ကြာဆက်ထားရင် ပိုမူးစေတယ်။ အရသာက ချဉ်လာမယ်။ ပိုကြာရင် Vinegar (ဗနီဂါ ရှာ) လကာရည်ဖြစ်လာမယ်။

ထန်းရေချိုနဲ့ ထန်းရေခါးလို့သုံးတာ မြန်မာပြည်၊ ဖိလစ်ပိုင် (Tube)၊ အိန္ဒိယတောင်ပိုင်း တမီးလ်ဒေသ (Kallu) နဲ့ သီရိလင်္ကာ (Raa, Sinhala) မှာဖြစ်တယ်။ အင်ဒိုနီးရှား၊ ဘော်နီယို၊ ဘာလီ၊ မလေးရှားမှာ Tuak နာမည်ကြီးတယ်။ ထိုင်း (Kache, Namtanmao)၊ ဗီယက်နမ် (Ruou dua)၊ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒက်ရှ်၊ တရုပ်နိုင်ငံတွေမှာလည်းရှိတယ်။

အဲလိုအရည်ကို Distillation ပေါင်းခံနည်းလည်း တချို့နေရာဒေသတွေမှာလုပ်ကြတယ်။ ပိုပြင်းတယ်။ နိုက်ဂျီးရီးယားမှာ Ogogoro လို့ ခေါ်တယ်။ ဂါနာမှာ Akpeteshi (Burukutu) လို့ခေါ်တယ်။ ဖိလစ်ပိုင်မှာ Lambanog လို့ခေါ်တယ်။ Arrack, Village gin, Charayam, Country Whiskey, Sky Beer စတဲ့နာမည်အမျိုးမျိုးတွေရှိတယ်။

မြန်မာနိုင်ငံနဲ့ အိန္ဒိယမှာ Jiggery ထန်းလျှက်ချက်လုပ်တယ်။ အိန္ဒိယတောင်ပိုင်းဒေသတွေမှာ Neera (Padaneer) အချိုရည်ကို ရေခဲသေတ္တာထဲမှာထားကြတယ်။ အရက်လိုဖြစ်မသွားအောင် Lime ထုံးနည်းနည်းထည့်ရတယ်။

ဒေါက်တာတင့်ဆွေ
၁-၃-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး