President Barack Obama has arrived in Cuba အိုဘားမား ကျူးဘားကိုသွား

နာရီပိုင်းအလိုက ထွက်လာတဲ့သတင်းပါ။ သမိုင်းဝင်ခရီးစဉ်ဖြစ်တယ်။ ကျူးဘားနဲ့ အမေရိကန်တို့ဟာ တစောင်းစေးနဲ့ မျက်ချေး (ကန်တော့ပါ) လိုနေခဲ့ကြတာ ၁၉၆ဝ ကျော်ကတည်းကပါ။

Cuban Missile Crisis ကျူးဘားဒုံးပျံအရေးအခင်းကြီးဟာ ကမ္ဘာ့သမိုင်းမှာ သည်းထိတ်ရင်ဖိုတကယ်ဖြစ်ခဲ့တာပါ။ အောက်တိုဘာအရေးအခင်းလို့ ခေါ်တယ်။ ဆိုဗီယက်ယူနီယန် (ယူအက်စ်အက်စ်အာ) ဖြစ်ပေါ်လာစေတာကို အောက်တိုဘာတော်လှန်ရေး (၁၉၁၇) လို့ပဲခေါ်တယ်။ ကျူးဘားတော်လှန်ရေးက ၁၉၅၉ မှာဖြစ်ခဲ့တယ်။

ဒီခရီးအတွင်းမှာ အိုဘားမားဟာ ကျူးဘားသမတ (ရာဟိုး ကက်စထရို) နဲ့သာတွေ့မှာဖြစ်ပြီး။ ကျူးဘားဒုံးပျံ အရေးအခင်းမှာ တာဝန်ရှိခဲ့တဲ့ (ဖီဒရယ်က်စထို) ကိုတော့တွေ့ဖို့မရှိပါ။ ကျူးဘားဒုံးပျံအရေးအခင်းကြီးက ၁၉၆၂ ခုနှစ် အောက်တိုဘာ ၁၆ ရက်ကနေ ၂၈ ရက်အထိဖြစ်ခဲ့တယ်။ အဲဒီကာလတွေမှာ (ယူအက်စ်အက်စ်အာ) ခေါင်းဆောင်က Nikita Khrushchev (နီကီတာ ခရူးချက်ဖ်) ဖြစ်ပြီး အမေရိကန်သမတက John F. Kennedy (ဂျွန် အက်ဖ် ကနေဒီ) ဖြစ်တယ်။

ဆိုဗီယက်ကနေ အမေရိကန်နယ်နိမိတ်နဲ့ကပ်နေတဲ့ ကျူးဘားနိုင်ငံမှာ Ballistic missiles တိုက်ချင်းပစ်ဒုံးပျံတွေ ချထားတာကနေ စဖြစ်ပါတယ်။ ဖလော်ရီဒါနဲ့ မိုင် (၉ဝ) သာဝေးတယ်။ အဲဒီကာလဟာ Cold War (၁၉၄၅-၁၉၉၁) စစ်အေးကာလရဲ့ အထွတ်အထိပ်ရောက်နေချိန်ဖြစ်တယ်။ အမေရိကန်ကနေ ၁၉၆၁ ခုနှစ်မှာ Bay of Pigs Invasion ခေါ်တဲ့ မအောင်မြင်တဲ့ ထိုးဖေါက်ဝင်ရောက်မှုကြီးလုပ်ခဲ့တယ်။ (ယူအက်စ်အက်စ်အာ) နဲ့နီးတဲ့ အီတလီနဲ့ တူရကီမှာ Jupiter ballistic missiles (MRBMs) ဒုံးပျံတွေချထားခဲ့တယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဦးသန့်က ကိုင်တွယ်ဖြေရှင်းပေးခဲ့ရပါတယ်။ နောက်ဆုံးမှာ နှစ်နိုင်ငံလုံးက ချထားပြီးဖြစ်တဲ့ တိုက်ချင်းပစ်ဒုံးပျံတွေကို ဖယ်ရှားပေးခဲ့တယ်။ ကွန်မြူနစ် ကျူးဘားကနေ ဖယ်ရှားတာက လူသိထင်ရှား ဖြစ်ပေမယ့် ဒီမိုကရေစီအမေရိကန်က ဖယ်ရှားတာက တိတ်တဆိတ်သာဖြစ်တယ်။ ကျူးဘားမှာထားတဲ့ ဆိုဗီယက်ရဲ့ Ilyushin Il-28 အပေါ့စားဗုံကျဲလေယာဉ်တွေပါရုပ်သိမ်းတော့ အမေရိကန်က ပိတ်ဆို့ထားတာကို ၂ဝ-၁၁-၁၉၆၂ နေ့မှာ ဖယ်ရှားပေးတယ်။

အိုဘားမားဟာ ကျူးဘားအတိုက်အခံတွေထဲက Ladies in White group အဖြူရောင် အမျိုးသမီးများအဖွဲ့ကို တွေ့ပါမယ်။ ကျူးဘားနိုင်ငံနဲ့ ၁၅-၈-၂ဝ၁၅ နေ့က သံဆက်ဆံရေးပြန်ပြီးဖွင့်ထားပေမယ့် ဒီခရီးစဉ်ကြောင့် ၅၄ နှစ်ကြာ (ဆန်ရှင်) ဒဏ်ခတ်အရေးယူတာတွေ ချန်ထားပါအုန်းမယ်။ (ဆန်ရှင်) ကြောင့် အမေရိကန်စီးပွါးရေးကို တနှစ်မှာ ၁့၂ ဘီလီယန် နစ်နာနေပါတယ်။

ကျွန်တော်တို့ငယ်စဉ်မှာ ရေဒီယိုနဲ့ သတင်းစာထဲမှာ စစ်အေးကာလအကြောင်းတွေ နေ့တိုင်းပါခဲ့တယ်။ ကျူးဘားဒုံးပျံ ပြဿနာဟာ (၁၃) ရက်ကြာရင်ဆိုင်ခဲ့ရတဲ့ နိုင်ငံရေးနဲ့ စစ်ရေးပြဿနာကြီး ဖြစ်တယ်။ Thirteen Days နာမည်နဲ့ ရုပ်ရှင်ရိုက်ထားတယ်။ နှစ်ဖက်လုံးကနေ ဝါဒဖြန့်ချိရေးတွေ အကြီးအကျယ်လုပ်ကြတယ်။ မြန်မာပြည်မှာက ကွန်မြူနစ် စာပေနဲ့ အယူအဆခေတ်ကောင်းချိန်ဖြစ်လို့ ဆိုဗီယက်ဖက်ကနေသူက အလွန်များခဲ့တယ်။ အမေရိန်ကန်ကို ဗီလိန်အဖြစ် သရုပ်ဖေါ်ပေးကြတယ်။ ကနေ့လူရွယ်တွေ ဖက်အစုံကနေမြင်စေချင်တယ်။ ဟောလီဝုဒ်ရုပ်ရှင်လည်း ကြည့်ပါ။ The History မှတ်တမ်းတွေလည်းကြည့်ပါ။ ကိုယ်ပိုင်လည်း ကြည်ကြည်လင်လင်မြင်တတ်စေချင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၃-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး