နွေဦးသက်သေ တည်စေသော်ဝ်

မိန်ရာသီ နွေဦးကာလ၊ ၁၉၄၅ ခုနစ်တုန်းက သည်နေ့မှာ၊ ဗိုလ်ချုပ်ဟာ မြင်းစီးပြီး၊ တပ်မတော်ကြီးကို စစ်ဆေး၊ ဖက်ဆစ်တော်လှန်ရေး စခဲ့တယ်။ သွေးနဲ့စတေး၊ လွတ်လပ်ရေးရ၊ ဗိုလ်ချုပ်မြင်မသွားရ၊ လူထုက ၂၇ မတ်လ၊ ဖက်ဆစ်တော်လှန်ရေးနေ့လို့ ခေါ်ခဲ့ကြတယ်။

၁၉၅၅ မတ်မှာ ပြုလုပ်တဲ့ ဝန်ကြီးချုပ်ဦးနုရဲ့ ဝန်ကြီးအဖွဲ့ အစည်းအဝေးကနေ မတ်လ ၂၇ ရက်နေ့ကို တပ်မတော်နေ့အဖြစ် သတ်မှတ်သင့်ကြောင်း ဆုံးဖြတ်ခဲ့တယ်လို့ ဖတ်ရပါတယ်။ အဲဒီနှစ်တွေမှာ တော်လှန်ရေးနေ့နဲ့ တပ်မတော်နေ့ အခေါ်ကို အငြင်းမပွါးခဲ့ကြပါ။ စစ်တပ် ပဌမဆုံးအာဏာသိမ်းတဲ့ကာလမှာလည်း သိပ်မပြောကြပါ။ ၁၉၈၈ မှာတခါ စစ်တပ်က အာဏာသိမ်းအပြီးနောက်မှာတော့ ဝေဘန်စောကြောတာတွေ လုပ်လာကြတယ်။

တပ်ချုပ်တွေဟာ မာစီဒီးကားစီးပြီး၊ တပ်မတော်ကြီးကို စစ်ဆေးကြတယ်။ မိန့်ခွန်းတွေပေးကြတယ်။ လူထုကရွေးတဲ့အစိုးရ တက်လာပါပြီ။ ဖွဲ့စည်းပုံကတော့ မပြင်နိုင်သေးပါ။

မိန်ရာသီတပေါင်းလ၊ ခုချိန်ကစပြီး၊ တပ်မတော်ကြီးကို မြင်းစီးပြီးစစ်ဆေးတဲ့ တပ်ချုပ်မျိုးကို မြင်ရချင်ပါတယ်။ အဲသည်အခါ ကောင်းချီးသြဘာ ထောပနာပြု၊ လူထုသရုပ်သကန်နဲ့၊ လက်ပန်ပွင့်လိုနီမြန်း၊ ပန်းသပြေအောင်ပန်းနဲ့ တပ်မတော်နေ့လို့သာ မခိုင်းဘဲ ခေါ်မယ်၊ ခိုင်းလည်း အော်မယ်။

ဖက်ဆစ်တော်လှန်ရေးကို စာဖွဲ့ကြတိုင်း တပေါင်းလကို သင်္ကေတညွှန်းကြတယ်။ ၂၇-၃-၁၉၄၅ နေ့ကို နှစ် ၁ဝဝ ပြက္ခဒိန်နဲ့ ပြန်စစ်တော့ မြန်မာ ၁၃ဝ၆ ခုနှစ် နှောင်းတန်ခူးလပြည့်နေ့ကျရောက်ပါတယ်။ တပေါင်းလ မဟုတ်ပါ။ စစ်ဆေးကြစေလိုပါတယ်။

မှတ်ချက်။ ၁၉၄၅ ခုနှစ် မတ်လ (၂၇) ရက်နေ့ဟာ တပေါင်းလတော့ မဟုတ်ပါ။ တန်ခူးလဆန်း (၆) ရက်နေ့ဖြစ်ပါတယ်။

(၁၉၄၅ မတ်လ ၂၇ ရက်၊ ဖက်ဆစ်တော်လှန်ရေးနေ့ကို ဂုဏ်ပြုလျက်)

ဒေါက်တာတင့်ဆွေ
၂၅-၃-၂ဝ၁၄
၂၅-၃-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး