ပျဉ်းမငုတ်တို ညှောင့်စူးခြင်း

ပျဉ်းမငုတ်တို
• ဖုထစ်ရွတ်တွ၊ ငှက်လင်းတသို့ 
• ပျဉ်းမငုတ်တို၊ သက်ကျားအိုသည်
• ကုန်းမိုထက်တွင် တပင်တည်း။
• ခွဆုံအကွေး၊ သစ်ခေါင်းဆွေးလည်း
• အဖေးတက်လာ၊ အိုင်းအမာသို့ 
• ကျယ်စွာဟက်ပက် ခြအိမ်ပျက်။
• ကုန်းမိုကမ်းပါး၊ မြေပပ်ကြားတွင်
• စစ်သားခမောက်၊ ပိန်ခြောက်ခြောက်လည်း
• စစ်ရောက်စခန်း လမ်းပြညွှန်း။
• ထိုပင်ငုတ်တို၊ ပျဉ်းမအိုသည်
• စစ်ကိုလည်းကြုံ၊ ခြအုံလည်းဖြစ်
• ဓားထစ်လည်းခံ၊ နေလျှံလည်းတိုက်
• လေပြင်းခိုက်လျှက်၊ မငိုက်ဦးခေါင်း
• နွေသစ်လောင်းသော်
• ရွက်ဟောင်းညှာကြွေ၊ ရွက်သစ်ဝေ၍
• လေပြေထဲတွင်၊ ငယ်ရုပ်ဆင်သည်
• အသင် ယောက်ျားကောင်းတကား။

၂ဝဝ၂ ခုနှစ်ထုတ် မောင်ခွေးဖို့ကဗျာများ စတုတ္တအကြိမ်ပုံနှိပ်ခြင်းထဲမှာတော့ (တစ်) လို့သာတွေ့ပါတယ်။

ဆရာမင်းသုဝဏ် ရေးသားသီကုံးခဲ့တဲ့ကဗျာတွေမှာ (တ) တွေကို (တစ်) လုပ်မထားပါ။ ဆရာ့ကဗျာကို တစ်သတ်ပုံနဲ့ ရေးနေကြတာတွေ့ရင် ပျဉ်းမငုတ်တို ညှောင့်စူးနေသလို ခံစားမိပါတယ်။

ဒေါက်တာတင့်ဆွေ
၁ဝ-၃-၂ဝ၁၆
၁ဝ-၃-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး