Shah Rukh Khan သတင်းမှားတယ်ထင်ပါတယ်

ပို့စ်တခု = ဝမ်းမြောက်ဖွယ်သတင်းကောင်း - အိန္ဒိယကမ္ဘာကျော်ရုပ်ရှင်မင်းသား ရှာရွတ်ခန် အစ္စလာမ်ဘာသာမှ ဗုဒ္ဓဘာသာသို့ကူးပြောင်းလာကြောင်း အန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာဘုရားဖူးက ပြန်လာတဲ့ ဒကာဇော်မိုးအောင် ပြောပြလို့ ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။ ရှာရွတ်ခန်ဟာ ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့က အစ္စလာမ် ဘာသာကနေ ဗုဒ္ဓဘာသာသို့ ဘာသာကူးပြောင်းကြောင်း အိန္ဒိယနိုင်ငံ ရုပ်သံလိုင်း သတင်းလိုင်းတွေကနေ ကြေငြာခဲ့ပြီး အိန္ဒိယနိုင်ငံရှိ လူအချို့ ကန့်ကွက်ခဲ့ကြောင်းလဲသိရပါတယ်။

ကျွန်တော် လက်လှမ်းမီသလောက်တော့ အဲဒီသတင်းမမှန်ပါ။ အစ္စလမ်ဘာသာဝင် အိန္ဒိယနာမည်ကြီးရုပ်ရှင်မင်းသား (ရှား ရု ခန်း) နဲ့ ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့သတင်းကို ၂ဝ၁၄ ခုနှစ် ဇွန်လကထွက်ထားတာ နောက်ဆုံးဖြစ်ပါတယ်။ သူက ရုပ်ရှင် ရိုက်နေရင်း စိတ်ကိုတည်ငြိမ်အောင် ဗုဒ္ဓဘာသာစာအုပ်တွေဖတ်တဲ့သတင်းသာဖြစ်ပါတယ်။

• Jun 4, 2014 - Shah Rukh Khan has turned to books on Gautam Buddha's life to calm down. “Got a set of books on the life of Gautam Buddha. Excited to start  ...
• Jun 4, 2014 - 1After a whirlwind season of the Indian Premier League (IPL) and victory in the final for his franchise Kolkata Knight Riders (KKR), superstar Shah Rukh Khan is looking for some peace and solitude. He has turned to books on Gautam Buddha's life to "calm down". ... 7At a lavish ceremony ...
• Jun 9, 2014 - Shah Rukh Khan Turns to Books on Buddha to Stay Calm. Idrela ldka bia,dï w;er nqÿ oyu je<|.kak hk l;dj fï Èkj, ,xldfõ udOH .Kkdjlu fnd,sjqvfha ...
• Jun 10, 2014 - Shahrukh Khan in Buddhism. India's most famous man ... He has turned to books on Gautam Buddha's life to “calm down”. The 48 year old is in  ...
• Jun 5, 2014 - He has turned to books on Gautam Buddha's life to "calm down". KKR co-owner Shah Rukh Khan celebrates their IPL title. Pic/PTI. "Got a set of  ...
• Jun 5, 2014 - Shah Rukh Khan turns to teachings of Gautam Buddha to calm down post exhilarating win in IPL season 7.

ရှာရွတ်ခန်ဟာ မွေးကတည်းက မွတ်ဆလင်ဖြစ်တယ်။ ဆုတောင်းတာကို တနေ့ ၅ ကြိမ်တော့မလုပ်ပါ။ ဒါပေမယ့် အစ္စလမ်ဘာသာကို ယုံကြည်တယ်လို့ပြောပါတယ်။ သူ့ဇနီး Gauri ဂေါရီဟာ ပန်ဂျပ်မိသားစုက ဟင်ဒူဘာသာဝင်ဖြစ်တယ်။ မွန်ဘိုင်း (ဘုံဘေ) သူဖြစ်ပြီး ဒေါ်စု စာသင်ခဲ့တဲ့ ဒေလီမျြို့ (လေဒီ ရှရီရမ်) ကောလိပ်မှာစာသင်ခဲ့တယ်။ အိမ်ထောင်ရေးကို သူ့မိဘတွေက ကွယ်လွန်တဲ့အထိ သဘောတူပါ။

ဒေါက်တာတင့်ဆွေ
၁၉-၃-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး