Sirens and Koel နွေဥသြသံများ

ဥသြသံလို့ခေါ်တာက အမျိုးမျိုးရှိတယ်။ အခုနေရတဲ့အိမ်က မီးရထားသံလမ်းနဲ့ကပ်နေလို့ ရထားဥသြသံကို နေ့တိုင်းလို ကြားရတယ်။ လမ်းမနဲ့လည်းမဝေးတော့ လူနာတင်ယာဉ်ဥသြသံလည်း နေ့နေ့ညညကြားနေရတယ်။ မီးသတ်ကား ဥသြသံလည်း မကြားချင်လို့မရပါ။ ရဲကားဥသြသံကို ဘယ်တော့မှမကြားချင်ပေမယ့် အလိုဆန္ဒမပြည့်ဝပါ။ ဘယ်သူက 911 ခေါ်ခေါ် အဲဒီယာဉ်သုံးစီးကတွဲလာတယ်။

Sirens ဥသြသံတွေထဲမှာ Siren speakers ဥသြသံထွက်တဲ့စပီကာလည်းပါတယ်။ ခရီးလိုက်ပါသူတွေရဲ့ ရှေ့ဖက်မှာ တပ်ဆင်ထားရတယ်။ အသံလယ်ဗယ် 120 dB(A) ထက်မများသင့်ပါ။ လျှပ်စစ်မော်တာသုံးဆိုရင် 50 - 200 အမ်ပီယာနဲ့ 12 volts (DC) ဗို့လ်ဖြစ်သင့်တယ်။ စပီကာတွေကို 135 decibels ရှိစေပြီး၊ ပေ ၁ဝဝ မှာထားရတယ်။

Civil defense siren ဥသြသံဆိုတာက အများပြည်သူကို အန္တရာယ်သတိပေးဥသြမျိုးဖြစ်တယ်။ အမေရိကမှာ ဒုတိယ ကမ္ဘာစစ်တုံးက နူကလီယားအန္တရယ် သတိပေးဘို့သုံးခဲ့တယ်။ အခုတော့ လေဆင်နှာမောင်းသတိပေးချက်အဖြစ် သုံးနေတယ်။ ဂျပန်ခေတ်က မြန်မာပြည်မှာတော့ ဗုံးကျဲလေယာဉ်သတိပေးတဲ့ ဥသြသံကို မီလိုက်သူ နည်းနည်းသာ ကျန်တော့တယ်။

ကြားချင်တဲ့ဥသြသံဆိုတာ Koel အသံသာလှတဲ့ ဥသြငှက်တွန်သံ။ နွေရောက်တော့မယ့်အချိန်တိုင်းမှာ ကြားရပါစေလို့ ဆုတောင်းနေမိတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၂-၂ဝ၁၅
၂၈-၃-၂ဝ၁၆
Photo of Asian koel female bird
Link of Asian koel sounds http://www.soundsnap.com/tags/asian_koel

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး