Traditional Nat worship အမေကြီးနတ်ပွဲ

• မုံရွာအနောက်ဖက်၊ ချင်းတွင်းမြစ်တဖက်ကမ်း၊ ယင်းမာပင်မြို့နယ်ထဲမှာ အစဉ်အလာ အမေကြီးနတ်ပွဲကြီး ကျင်းပနေတယ်တဲ့။
• ကျွန်တော့်မိဘတွေ ပုလဲမြို့နယ်၊ မင်းရွာမှာနေရတုံးက လှည်းဦးချစာရင်းပေါက်တယ်တဲ့။ နတ်ပွဲကို နှစ်စဉ် ရောက်အောင်သွား၊ ရောက်တာနဲ့ လှည်းဦးချပြီး၊ အမေကြီးနတ်ကို အရိုအသေပေးကြရတယ်လို့ ကြားဖူးတယ်။
• အမေကြီးနတ်ပွဲကို အမှတ်ရတယ်။ ၁၉၉ဝ မှာ ပုလဲ NLD ကဈေးရောင်းခဲ့ကြတယ်။ အမြတ်ကတော့ ငွေရယ်လို့ မကျန်ပါ။ ရွေးကောက်ပွဲမှာ တနယ်လုံးနိုင်ခဲ့တယ်။ အမေကြီးက မ, တာလည်းပါမယ်။
• အခုတော့ လှည်းကမရှိတာမို့ စာလုံးတွေရိုက်ချပြီး၊ အမေကြီးနတ်ကို အရိုအသေပေးလိုက်ပါတယ်။ ၂ဝ၁၅ မှာလည်း မ, ပါစေသတည်း။
• ဓါတ်ပုံကို မုံရွာစိန်ဝင်းဆီကယူပါတယ်။ လင်းကတောဓါး နာမည်ကြီးတယ်။ မယားမထိနဲ့ ဓါးကြည့်လို့ ဆိုစကားရှိတယ်။ ခုခေတ်တော့ ၂ဝ၁၅ မထိနဲ့ပေါ့။

သမိုင်း
အမေရေယဉ်နန်းရင်းက ပုလဲမရောက်ခင် ယင်းမာပင်နယ်က လယ်ငေါက်ရွာလမ်းခွဲကနေအတွင်းကို ဆယ်မိုင်လောက် ဝင်ရတယ်။ မောင်းတုံရွာမှာ အမေရေယဉ်နန်းရင်းရှိတယ်။ အမေရေယဉ်နတ်သမိုင်း နှစ်မျိုးကွဲရှိတယ်။ ဇာတ်လမ်းနှစ်မျိုး စလုံးမှာ အမေရေယဉ်ကို စောနန်းမွန်အဖြစ်ပြောကြလေ့ရှိတယ်။ ယောနယ် ယောဒေသကို အမေရေယဉ်ရောက်ခဲ့တဲ့ နတ်သမိုင်းရှိတယ်။ နတ်ချော့ချင်းမှာတော့ အမေရေယဉ်ကို အမျိုးမျိုးဖွဲ့တယ်။ ရွှေညာမြေက ယမားသူတဲ့၊ ဆပ်သွားဖူးနဲ့ ရေဦးသူတဲ့၊ ဆပ်သွားပင်နဲ့ ရေယဉ်သူတဲ့၊ ကြိမ်ပိုက်တောနှင့် မျှော့တောသူတဲ့၊ နဂါးရုံနဲ့ မောင်းတုံသူတဲ့၊ ဆန်မနောနဲ့ ပြောင်းတောသူတဲ့။ (ခင်ခင်ထူးရေးထားကနေ ကောက်နုတ်ထားတာပါ။)

ဒီစာကို မနှစ်ကရေးခဲ့တာပါ။ ၂ဝ၁၅ ကို အမေကြီးက မ,စခဲ့တယ်။ လာမယ့် ၅ နှစ်ဆက်တိုက်ပါ မ,ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၁၃၇၆ တပေါင်းလဆုတ် ၄ ရက်။
ဓါတ်ပုံ = Sein Win

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး