Age and maturity ဇတာသက်

Jetavana Ven Kuthala မနက်ဖြန် သက်ကြီးပူဇော်ပွဲအတွက် အကန်တော့ခံ လူကြီးသူမများ၏ စာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

အဲတာက အမေရိကန်ပြည်ထောင်စု၊ ဖို့ဒ်ဝိန်းမြို့ ဇေတဝန်ကျောင်းဆရာတော်က တင်ထားတာပါ။

တပည့်တော်ကတော့ ဒေလီမှာ သက်ကြီးပူဇော်ပွဲတော့ မဖိတ်ကြနဲ့လို့ ရီစရာပြောခဲ့တယ်။ အသက်ကြီးတာသာတူပြီး၊ မတူတာတွေကများလို့ ဆရာတော်။ Smile

ဒေလီမှာ မြန်မာပြည်ကလာနေသူတွေထဲမှာ နိုင်ငံရေးထဲမှာပါနေသူ အရေအတွက်က များတာမဟုတ်ပါ။ အခန်းအနားတွေ အထိန်းအမှတ်နေ့ စီစဉ်ရင် တခါလာဒီလူတွေက များတယ်။ တယောက်အကြောင်းတယောက်ကလည်း သိကြတယ်။

နိုင်ငံရေးစကားပြောရင် လူရွယ်တွေထဲမှာ ၈၈ တုန်းကလိုအမြင်နဲ့ သုံးသပ်မှုက မတက်တာလည်းရှိတယ်။ လူကြီးတချို့ ဘာပြောတော့မယ်ဆိုတာ လူရွယ်တွေက ကြိုသိနေတာလည်းရှိတယ်။ ဘာပွဲဖြစ်ြဖစ် ဒီစကားပဲပြောတဲ့လူကြီးမို့ပါ။

လူမျိုးတစုကို တယောက်နှုန်း၊ အဖွဲ့အစည်းတခုကို တယောက်ကျ ခွဲတမ်းချဖိတ်တဲ့အခါ လူရွေးကြတာ အဆင်ပြေတဲ့အခါ ပြေပါတယ်။ တခါတလေမှာတော့ တချို့လူတွေနဲ့တွဲထိုင်ရတာ တယ်ပြီးနေသာထိုင်သာမရှိပါ။ နောက်တက်တွေတချို့က နိုင်ငံရေးမှာပါ လူငယ်နဲ့ လူကြီးကို ဇာတာကြည့်ပြီးသာ ခွဲခြားတတ်ကြတယ်။

ဒေါက်တာတင့်ဆွေ
၁၅-၄-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး