Cardinal bird ငှက်နီ

ဒီမှာက ငှက်ကလေးတွေအစာကျွေးတာ မြက်ခင်းနဲ့မြေကြီးမှာပက်ကျဲပြီး ကျွေးလို့မရဘူး။ ဒါနဲ့ ၁၆-၆-၂ဝ၁၅ နေ့က ငှက်စာကျွေးစရာလေးတခု ဝယ်လာရတယ်။ ငှက်စာ ၁ဝ ပေါင်အိတ်ကို ၆ ဒေါ်လာ ပေးရတယ်။ မတာရာတင့်ဆွေက သစ်ကိုင်းမှာဆွဲချိတ်ပေးတယ်။ မနေ့က သမီးမနေနေက ငှက်စာအိတ် ဝယ်လာပေးတယ်။

မနေ့ကတော့ မောင်ပင်နီတင့်ဆွေကို ငှက်စာကျွေးခိုင်းတယ်။ နေ့တိုင်းတော့ ကိုယ်တိုင်ကျွေးတယ်။ ကျွေးတဲ့သူမှ အခန်းထဲပြန်မရောက်ခင်မှာ အရင်ဆုံးလာစားတဲ့အကောင်က ငှက်နီလေးပဲ။(အင်ဒီယာနာ) ပြည်နယ်ငှက်တဲ့။ Cardinal bird လို့ ခေါ်တယ်။ Northern Cardinal နဲ့ Bright Red Fierce Defender လို့လည်းခေါ်တယ်။ ၈ လက္မအလျားရှိတယ်။ ၄၅ ဂရမ်လေးတယ်။ အစာ ၉ဝ% က အစေ့အဆံတွေ၊ အသီးတွေ၊ ပေါင်းပင်တွေဖြစ်တယ်။ သူ့နယ်ထဲကို တခြားငှက်တွေ ကျူးကျော်လာရင် အထီးတွေက တိုက်ထုတ်တတ်တယ်။

အစာလာစားကြတဲ့ ငှက်တွေကို ဝါညိုညို အမြီးဖါးဖါး ရှဥ့်တကောင်က တွင်ကျယ်တယ်။ ငှက်စာအိမ်ကြိုးကိုက်ဖြတ်ချလို့ သွပ်နန်းကြိုး လဲထားရတယ်။ အစာလာစားကြတဲ့ စာကလေးတွေကို သူက ခြောက်လှန့်သေးတယ်။ ငယ်ငယ်ကကိုင်ခဲ့တဲ့ သားရေဘတ်ဂွကို သတိရမိတယ်။

ဒေါက်တာတင့်ဆွေ
၁၈-၄-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး