Casual short sleeve Pinny shirt ပင်နီလက်တို

သူငယ်ချင်းက အလည်လာရင်း လက်ဆောင်ပါတဲ့ ပင်နီအင်္ကျီဟာ တေလာမိတ်၊ တိုင်းချုပ်ထားသလိုပဲ။ တေလာမိတ် ဆိုတာ အသင့်ချုပ်ဝယ်တာထက် ဈေးသာတယ်။ ချက်ချင်းဝတ်ကြည့်တော့ အံကျကွက်တိ။ သိကြတာကလည်း မန္တလေး ဆေးကျောင်းကတည်းက။ ပြည်ပကို ကျွန်တော်က အရင်ရောက်၊ ယူအက်စ်ကိုတော့ သူက အရင်ရောက်တယ်။ နေကြရတာတော့ နေရာမတူပါ။ ကနေ့မှာတော့ ကျွန်တော့်အိမ်အထိ ပေါက်ချလာတယ်။ ကျွန်တော်ဆီအလာ သူ့ဇနီးကိုပါ ပင်နီကိုသာဝတ်စေတယ်။ အရောင်ပါ တူကြတာကိုး။

သူက လူရိုး။ နောက်ပြီး ပြည်တွင်းတုန်းက ရှမ်းပြည်မြောက်ပိုင်းမှာ အကြာကြီးနေခဲ့တယ်။ မနေ့ကပဲ စဉ်းစားနေတာ ကျွန်တော်ကျင်လယ်ရာ အညာနဲ့ ယောနယ်က ပင်နီနဲ့ ရှမ်းရိုးရာပင်နီ ဘာကွာသလည်း။ ဂဃနဏမသိသေးပါ။ ပင်နီကို ယောနယ်က ထွက်ထွက်၊ ရှမ်းပြည်ကရက်ရက်၊ ဒေသခံတွေက တန်ဖိုးထားကြတယ်။ တပြည်လုံးက တိုင်းပြည်ချစ်စိတ် ရှိသူတွေက မြတ်နိုးကြတယ်။ သင်္ကေတဆိုတာ တန်ဖိုးဖြစ်တယ်။ အမှတ်တရဆိုလည်း မမေ့စရာဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၁၆-၄-၂ဝ၁၆
၁၆-၄-၂ဝ၁၇

#1990 ကျောနံပါတ် ၁၉၉ဝ

ပရီမီယာလိခ် အသင်းကနေ အသစ်ဝယ်လိုက်တဲ့ ကြေးစားဘောလုံးသမား ကျောနံပါတ်ကြော်ငြာလို့တော့ မထင်ပါနဲ့။

မြန်မာပြည်အလည်ပြန်ရင်း လာရှိုးကနေဝယ်လာတဲ့ ပင်နီအင်္ကျီလက်ဆောင်ကို သူငယ်ချင်းကပေးနေတာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၆-၄-၂ဝ၁၆
၁၆-၄-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး