Delicious till the last drop နောက်ဆုံးတစက်အထိ အရသာရှိ

သင်္ကြန်သီချင်းတွေနှစ်တိုင်း နားထောင်နေခဲ့ ကြားနေခဲ့တာနှစ်တွေ များလွန်းလှပြီ။ ခေတ်ဟောင်းထဲက ကျွန်တော်တို့ နှစ်ခြိုက်စွဲမက်ခဲ့တဲ့အဆိုတော်တွေကို နောက်လူတွေက သိမှာလည်းမဟုတ်၊ ခံစားနိုင်ကြမယ်လည်းမထင်ပါ။ သူတို့ မှားသွားပြီလို့တော့ မပြောပါ။ သူ့ခေတ်နဲ့သူပေါ့။

လူကြီးပိုင်းထဲကနည်းနည်းငယ်သေးသူတွေကတော သင်္ကြန်မိုးသီချင်းတွေကိုစွဲမက်ကြမှာပါ။ ကျွန်တော်တို့ခေတ်က ပိုဟောင်းတယ်။ ကိုအံ့ကြီးတို့ခေတ်၊ မာမာအေးတို့ခေတ်၊ မြို့မခေတ်။ ဝင်းဦးတို့၊ ဇော်ဝမ်းတို့ သန်းမြတ်စိုးတို့တောင်မှ နောက်ကျသေးတာ။ သူတို့သီချင်းကောင်းတွေကို နောက်လူတွေပြန်ဆိုကြတာမနည်းပါ။ ပေါ့ရွှတ်ရွှတ်လို့ပြောရမှာ အားနာတယ်။ ကိုယ်ကပဲ လေးပင်တာကြိုက်နေတာဖြစ်မှာပါ။ လေးတော့ သွေးတိုးတက်တယ်။ ပေါ့တော့ လေထဲတက် အငွေ့ပျံတာလည်းမြန်တယ်။

စောစောကပဲ ဆေးကျောင်းတုန်းက သီချင်းမဆိုရမနေနိုင်တဲ့သူငယ်ချင်းက သူဆိုထားတဲ့င်္ကြန်သီချင်းတွေ လှမ်းပို့ပါတယ်။ အေး ငါနားထောင်နေတယ်။ Delicious till the last drop လို့ (နက်စ်တယ်လ်) ကော်ဖီကြော်ငြာလို ချီးမွမ်းလိုက်ပါတယ်။ Good till the Last drop ဆိုတာကတော့ ယောက်ျား အားကစားသမားတွေ သောက်စရာကြော်ငြာကပါ။ နောက်ဆုံး တစက်အထိ အရသာရှိတယ်တဲ့။

သင်္ကြန်မိုး မာမာအေး ၁၉၉၅ https://www.youtube.com/watch?v=BwDZeMQ6AAY&feature=youtu.be

ဒေါက်တာတင့်ဆွေ
၁၃-၄-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး