Happy Earth Day ပျော်ရွှင်ပါစေ ကမ္ဘာမြေ

နှစ်စဉ် ဧပြီလ (၂၂) နေ့ကို ကမ္ဘာနေ့လို့ သတ်မှတ်ထားပါတယ်။ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး အသိပေးဘို့ ဖြစ်ပါတယ်။ ၁၉၇ဝ ကတည်းကစတာပါ။ အခုဆိုရင် နိုင်ငံပေါင်း (၁၉၃) နိုင်ငံမှာကျင်းပကြပါတယ်။ ၂ဝ၁၆ ခုနှစ် အတွက် ပဲရစ်သဘောတူညီချက်နဲ့အညီဆောင်ရွက်ဘို့ဖြစ်ပါတယ်။

၁၉၆၉ ခုနှစ် (ဆန်ဖရန်စစ်ကို) မှာကျင်းပခဲ့တဲ့ (ယူနက်စကို) ကွန်ဖရင့်မှာ ဒီနေ့ကိုအဆိုပြုခဲ့တယ်။ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်က လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၄-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး