Ice pellets မိုးသီးကျခြင်း

ကျွန်တော်တို့တတွေ ရောကောသောကောခေါ်တဲ့ မိုးသီးဆိုတာ မိုးလေဝသပညာအရ အမျိုးအစားတွေများတယ်။ Ice pellets မိုးသီးကို အမေရိကန်တွေက Sleet လို့လည်း ခေါ်တယ်။ Ice pellets မိုးသီးကျတာနဲ့ဆင်တာတွေက Snow နှင်းကျတာနဲ့ Freezing rain ရေခဲမိုးရွာတွေဖြစ်ကြတယ်။ ရေခဲမိုးဆိုတာ အရည်မှုံတွေသာ ဖြစ်တယ်။ မိုးရေစက်တွေက အလွန့်အလွန်အေးလာလို့ဖြစ်တယ်။

Ice pellets မိုးသီးဆိုတာက အေးတဲ့ရာသီဥတုမှာ (ဆောင်းတွင်းလို့ဆိုလိုတာမဟုတ်ပါ) ကျတယ်။ Hail (ဟေးလ်) ကတော့ မျက်နှာပြင် အေးတာမျိုးမှာ ဖြစ်လာတယ်။ မိုးထစ်ချုန်းချိန်မှာ ဖြစ်တယ်။ လေက အထက်ဖက်ဆန်တက်ချိန်မှာ ဖြစ်တယ်။ Graupel (ဂရူပဲလ်) က ကြည်လင်နေတဲ့ မိုးသီးသေးသေးလေးတွေကိုခေါ်တယ်။ 5 millimetres (0.2 in) ကနေ 15 centimetres (6 in) အချင်း ရှိတယ်။ Hailstones ဆိုတာက အစိုင်အခဲကျခြင်းပဲ။ Hail (ဟေးလ်) ဆိုတာ အရွယ်အစားအမျိုးမျိုးရှိတဲ့ ရေခဲတုံးတွေ ဖြစ်တယ်။ ပုံပန်းမညီညာဘူး။

Ice pellets မိုးသီးတွေဟာ အမြင့် 1,500 နဲ့ 3,000 meters (5,000 နဲ့ 10,000 ft) မှာဖြစ်တယ်။ သူ့အထက်မှာ အေးခဲမှတ်ထက်နိမ့်တဲ့ လေအလွှာတွေရှိတယ်။ နွေးတဲ့အလွှာကနေကျလာတဲ့နှင်းဖတ်တွေ တချို့ကအရည်ပျော်နေတယ်။ မြေပြင်နဲ့နီးလာတော့ ခဲသွားကြတယ်။ အဲဒီအလွှာကသေးရင်တော့ ခဲချိန်မရကြပါ။ Freezing rain ရေခဲမိုးသာရွာချမယ်။
မိုးသီးကျတာ ကာလတိုတယ်။ များလည်းမများလှပါ။

Hailstones က အလွှာလိုက်ရှိတယ်။ ပုံပန်းမညီညာဘူး။ အနည်းဆုံး 1 millimetre (0.039 in) ထူတယ်။ 2.5 cm (1 in) ကနေ (1.75 in) ဂေါက်သီးလုံးလောက်အထိရှိတယ်။ 2 cm (0.80 in) ထက်ကြီးတာတွေကနေ ထိခိုက်ပျက်စီးမှုတွေ ဖြစ်စေမယ်။ Hail (ဟေးလ်)တွေဟာ မိုးထစ်ချုံးနေချိန်၊ တိမ်တွေအထက်ဆန်နေချိန်နဲ့ ရေအရည်များများပါနေချိန်မှာ ဖြစ်လာတယ်။ ရေမှုံလည်းများမယ်။ တိမ်အပူချိန်ကလည်း ရေခဲမှတ် 0 °C (32 °F) ထက်နိမ့်မယ်။ −13 °C (9 °F) ရှိရင် အများဆုံး ဖြစ်တယ်။ အမြင့် 11,000 feet (3,400 m) မှာဖြစ်လာတယ်။

စံချိန်တင်ထားတဲ့ Hail records ကို Megacryometeors လို့ခေါ်တယ်။ ၁၄-၄-၁၉၈၆ ဘင်္ဂလားဒက်ရှ်နိုင်ငံမှာ 1.02 kg (2.25 lb) လေးတာကျခဲ့ဖူးတယ်။ ၂၃-၇-၂ဝ၁ဝ တုံးက တောင်ဒါကိုတာမှာ 7.9 inches (20 cm) အချင်းနဲ့ 18.622 inches (47.3 cm) မျက်နှာပြင်ရှိတာကျခဲ့တယ်။ ၂၂-၆-၂ဝဝ၃ နေ့မှာ 18.74 inches (47.6 cm) မျက်နှာပြင်နဲ့ 7.0 inches (17.8 cm) အချင်းရှိတာ အမေရိကား နီဘရာစကားမှာကျခဲ့တယ်။

(ဟေးလ်) အသေးစား Graupel (ဂရူပဲလ်) ကို Snow pellets နှင်းမိုးသီးလို့လည်းခေါ်တယ်။ Grail (ဂရေးလ်) လို့လည်း ခေါ်တယ်။ ကျနေတဲ့ အရွယ်အစား 2–5 mm (0.08–0.20 in) နှင်းဖတ်တွေက ခဲသွားလို့ဖြစ်တယ်။

မိုးသီးတွေကနေ ထိခိုက်မှုတွေရစေနိုင်တယ်။ လေယာဉ်၊ မော်တော်ယာဉ်၊ မှန်နဲ့ဆောက်ထားတဲ့ အဆောက်အဦတွေ၊ အမိုးတွေ၊ အိမ်မွေးတိရစ္ဆာန်တွေ၊ တောနေအကောင်တွေ၊ စိုက်ပျိုးသီးနှံတွေကို သေကျေပျက်စီးစေတယ်။ 0.5 " (1.27 cm) အချင်းထက်ကြီးရင် လေယာဉ်ပျံတွေကို ပျက်စီးစေတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၄-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး