Lawrence of Arabia စိုစိုစိမ်းစိမ်း မြရည်လိမ်း

ငယ်တုန်းမှာ မိဘတွေကခိုင်းရင် ရေချိုးရမှာပျင်းတဲ့အချိန်တွေရှိခဲ့တယ်။ ဒီရေချိုးလို့ မသေးနိုင်ပါဘူးကွာလို့ ကိုယ့်ကိုယ်ကို အားမွေးရတယ်။ ကြီးလာတော့လည်း ရာသီဥတုကအေးနေအချိန်မှာ ရေချိုးရတဲ့အခါ သတ္တိမွေးရတယ်။ (လောရင့်စ်-အော့ဖ်-အာရေးဗီးယား) ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတခုကို ပြန်အမှတ်ရလိုက်ပြီး၊ သဲကန္တာရထဲမှာ ကိုယ်တိုင် ရောက်နေသသလို အောက်မေ့ပြီးသကာလ ရေလောင်းချလိုက်ရတယ်။

ခုရက်တွေမှာ မြန်မာပြည်မယ် အပူဒဏ်ကိုလူးလိမ့်ခံနေရတဲ့သတင်းတွေဖတ်ရတော့ စိတ်မကောင်းဖြစ်ရတယ်။ အဲတာနဲ့ ဒီပို့စ်လေးတင်တာပါ။ ဒီမှာက ပန်းတွေကသာ သုံးပန်လှမဟုတ်ပါ။ ရာသီဥတုက အတော်ကိုအစိုးမရ၊ အမှန်းရခက်တယ်။ မနက်ကတည်းက တနေကုန်ပူခဲ့တယ်။ နေသာပြီး လေလာပေမယ့် လက်တိုအင်္ကျီနဲ့သာနေနိုင်တယ်။ မအိပ်ခင်အထိပဲ။ အဲ့ မနက်လည်းလင်းရော လမ်းတွေပေါ်မှာ ရေတွေရွှဲလို့။ ကောင်းကင်ကလည်း မှုံပြပြ။ မိုးစက်တွေကျထားတဲ့ မြက်ခင်းမှာ ငှက်ကလေးတွေက အစာရှာနေကြတယ်။

စိုစိုစိမ်းစိမ်းမြရည်လိမ်းတဲ့ပုံလေးကို ခံစားနိုင်ကြပါစေ။ မြန်မာပြည်မှာ မိုးတွေရွာပါစေ။

ဒေါက်တာတင့်ဆွေ
၂၁-၄-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး