One-sided Story အပြောခံတဲ့သူပဲပြော

မေးခွန်းပေါင်း (၂ဝ) ကျော်ဖြေပြီးပြီ။ မေးတဲ့အရေအတွက်က လျှော့ကျတယ်မရှိပါ။

မေးတာကိုသဘောမပေါက်စေနိုင်တဲ့ သတ်ပုံအမှားတွေလည်း (၂ဝ) လောက်ပါတယ်။ အမှားနည်းလာတယ်လို့ မထင်ပါ။

မေးနည်းစည်းကမ်းကို (၂ဝ) လောက်ပို့ပေးရတယ်။ အသက်-မ-ကျား မပြောကြားလိုသူကဆို ပိုတောင် များလာသလားမသိပါ။

ကျွန်တော့်ပြဿနာက အချိန်မကုန်သင့်ပဲကုန်တာအပြင် အဲလိုလေးရေးတိုင်း ဆရာ သည်းခံပေးပါ၊ ဆရာဝန်ဆိုတာ စိတ်ရှည်ရတယ်လို့ ဆုံးမသူတွေကပေါ်လာစမြဲ။

နိုင်ငံရေးမှာ ရှေ့မတိုးနောက်မဆုတ်ကာလတွေမှာ ပြောကြတယ်။ ဟိုဖက်ကလည်း နည်းနည်းလျှော့၊ သည်ဖက်ကလည်း နည်းနည်းလျှော့၊ ဒိုင်ယာလော့လို့ မြန်မာပြည်ပေါက်ပညာရှင်တွေက ပြောကြတယ်။ အဖြူပညာရှင်တွေကတော့ ဒေါ်စုက ခေါင်းမာတယ်တဲ့။ စစ်တပ်ကိုတော့ ထားပါတော့တဲ့။

ဒေါက်တာတင့်ဆွေ
၂၉-၄-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး