Outer Space Language အီးတီတို့တိုင်းပြည်

ဆရာ မင်္ဂလာပါရှင့် ကျန်းမာရေးကိစ္စတော့ မေးမှာမဟုတ်ပါဘူးဆရာ။ ဆရာ့ရဲ့ထင်မြင်ယူဆချက်ကို သိချင်လို့ပါ။ ကျွန်မကပဲ အစိုးရိမ်ကြီးတာလားမသိပါဘူးဆရာ။ အခုခေတ်လူငယ်တွေ မြန်မာစာအရေးအသားကိုဖြစ်သလို အသံထွက်သလို ရေးနေကြတာနဲ့ ပတ်သက်ပြီးတော့ပါ။ FB ပေါ်မှာတော့ အဆိုးဆုံးပေါ့ဆရာ။ ပူးတွဲပါ ကာတွန်းပုံလိုပါပဲဆရာ။ မြန်မာစကားကို ဖျက်နေသလို စိတ်ထဲခံစားရပါတယ်။ အမှန်ပြောရရင် မကြိုက်ပါဘူးဆရာ။ မြန်မာစာ မြန်မာစကားကို လေ့လာနေတဲ့ နိုင်ငံခြားသားတွေအတွက် ဒီစာမျိုးတွေတွေ့ရင် အဓိပ္ပါယ်မပေါက်ဘဲ အခက်တွေ့စေမလားလို့လည်း တွေးမိလို့ပါ။ ဘယ်လောက်ပဲ ဆိုရှယ်ကျတယ်ပြောပြောပါဆရာ။ ကိုယ့်လူမျိုး ကိုယ့်စကားကို ချစ်တာကြောင့် မြန်မာစကားကို ဒီလိုနည်းနဲ့ပျက်မှာ ကြောက်မိပါတယ်။ ဆရာအချိန်များရခဲ့မယ်ဆိုရင် ဆရာ့အမြင် ဆရာ့သုံးသပ်ချက်ကို သိချင်ပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ် ဆရာ။

သြော် ဆရာ့ ကိုယ်ဝန်ဆောင်ထဲက ဆရာ့ဆေးစာတွေဖတ် ဆရာ့ဆီကို သိချင်တာတွေမေးခဲ့တာကို ပြန်လည် ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ဆရာ။ အခု ကျွန်မသမီးလေးတောင် နောက်မေလဆို တစ်နှစ်ပြည့်ပါပြီရှင့်။ ဆရာ့ ဆေးစာတွေကြောင့် ဆေးပညာအသိတွေရတာပါ။ သမီးလေးက အရမ်းကျန်းမာပါတယ်ဆရာ။ အားလုံးအတွက် ဆရာ့ကို ကျေးဇူးတင်ပါတယ်။

ဘယ်ကနေစရမလည်း၊ ဘယ်လောက်အတိုင်းအတာအထိရေးမလည်း၊ အကိုးအကား အထောက်အထားတွေ ဘယ်အထိ ထည့်ရေးမလည်း၊ စဉ်းစားနေတုန်းပါ။ မြန်မာပြည်တွင်းမှာ လူမှုရေးကွန်ရက်ကိုသာ အချိန်ပေးနေသူနဲ့ အဲတာလောက်သာ အားထားသူက များနေတော့ လျှာရှည်နေရင် အလကားဖြစ်မယ်။ ပုံနှိပ်မီဒီယာတွေကလည်း တချို့ကသာ အရေးအသားနဲ့ ဘာသာစကားကို အလေးထားတယ်။ အသံထွက်မီဒီယာကတော့ ဂြိုလ်တုကနေတဆင့် ထုတ်လွှင့်တာဆိုတော့ ဂြိုလ်သားတွေ စကားပြောသလိုပဲ။ ဖေ့စ်ဘွတ်ကနေ ရေးအလကားဖြစ်ဖို့များတယ်ထင်နေတယ်။

ET = Extra Terrestrial = ဂြိုလ်သား၊ ပြင်ပအာကာသထဲက သတ္တဝါဆန်း၊

ဒေါက်တာတင့်ဆွေ
၂၃-၄-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး