Reciprocal wishes ဆုတောင်းပေးသူ ဆုတူရပါစေ

ပြီးခဲ့တဲ့ရွေးကောက်ပွဲမတိုင်ခင်က ဒီဆောင်ပုဒ်လေး တခါရေးခဲ့ပါတယ်။ ဆုတောင်းပြည့်တယ်။

ကျွန်တော် စာရေးပြီး အားပေးတယ်။ ရေးမနေချိန်မှာ ဆုတောင်းပေးတယ်။ ဆုတောင်းပေးတယ်ဆိုတာ အနိမ့်ဆုံးလို့ မသတ်မှတ်ပါ။ အမြင့်ဆုံးဖြစ်တယ်။ မေတ္တာအစွမ်းဟာ အရာရာပြီးနိုင်တယ်။ စူးရှတယ်။ ထိရောက်တယ်လို့ရေးခဲ့တာပါ။

သင်္ကြန်ကာလ ဖေ့စ်ဘွတ်ကနေ ကျွန်တော့်အတွက် ဆုတောင်းပေးလာတာတွေကို ဖတ်နေရတယ်။

ဆုတောင်းပေးသူတွေ ဆုတူရကြပါစေ။

ဒေါက်တာတင့်ဆွေ
၁၂-၄-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး