Soft targets အပျော့စားပစ်မှတ်

ပို့စ်တခု အခုပဲတွေ့တယ်။ ဇနီးမယား (၁၃) ယောက်တိတိအား တချိန်တည်း ကိုယ်ဝန်ဆောင်စေနိုင်သူတဲ့။

သတင်းတွေတင်ရင် သတင်းပင်ရင်း (ဆို့စ်) သိမှသာ မှန်၏ မှား၏ မှန်းသိမယ်။ မနေ့ကလည်း မိုးသီးတွေထဲမှာ အဆိပ်အတောက်နဲ့ဗက်တီးရီးယားတွေပါတယ်လို့တင်တဲ့သတင်းကို သိချင်သူတွေကမေးကြတယ်။ လမ်လှမ်းမီတာ လိုက်ရှာတာ မတွေ့ပါ။ သတင်းထဲမှာပါတဲ့ ဒိန်းမတ်ပညာရှင်ဆိုတာ ရှာလည်းမတွေ့ပါ။ မိုးသီး သတိပေးချက်ထဲမှာလည်း မတွေ့ပါ။

အခုလာပြန်ပြီ။ မိန်းမ (၁၃) ယောက်ကို တပြိုင်တည်းယူခွင့်ရှိတဲ့တိုင်းပြည် ကမ္ဘာမှာရှိသလားလည်းရှာတယ်။ မတွေ့ပါ။ ကိုယ်ဝန်ဆောင် (၁၃) ယောက်နဲ့ ယောက်ျားတယောက်ဓါတ်ပုံကို (ဂူဂယ်လ် အင်မေ့ခ်ျ) မှာရှာတယ်။ မတွေ့။ အင်္ဂလိပ်လို သတင်းခေါင်းစဉ်အမျိုးမျိုး ရိုက်ပြီးရှာတယ်။ မတွေ့။

၁၂-၂-၂ဝ၁၆ နေ့စွဲနဲ့ ဖလော်ရီဒါမှာ ရေကူးကန်းထဲကနေ မိန်ကလေး (၁၆) ယောက် ကိုယ်ဝန်ကြတယ်ဆိုတဲ့သတင်းကို ဖေ့စ်ဘွတ်မှာ ရှယ်လိုက်ကြတာ မိုးမွှန်နေတာပဲ။ ဓါတ်ပုံတွေကပါသေးတယ်။ အခုတော့ ထွက်လာပြီ။ သတင်းအမှားတဲ့။

အဲလို မဟုတ်ကဟုတ်ကတွေကို ဘာလို့များလုပ်ချင်နေကြသလည်း။ ယုံလွယ်သူတွေက မရှားတာတော့သိတယ်။ တိုက်ခိုက်ချင်သူတွေ၊ သိမ်းသွင်းချင်သူတွေက အဲလိုအပျော့စာပစ်မှတ်ကို ရွေးလေ့ရှိတယ်။ မြန်မာပြည်မှာ စုန်း-နတ်-ကဝေ ယုံသူတွေ များတာလည်း အတူတူပဲ။ မီဒီယာထဲမှာလည်း စုန်းပြူးတွေကများတယ်။ ညံ့ဖျင်းဆိုးသွမ်းတဲ့အုပ်ချုပ်ရေး သက်ဆိုးရှည်ခဲ့တာ အဲဒီအချက်လည်းပါတယ်။

The story of a girl becoming pregnant in a shared swimming pool is an old urban legend, but this particular version of it originated with a fake news site. http://www.snopes.com/girls-impregnated-swimming-in-pool/

ဒေါက်တာတင့်ဆွေ
၂၄-၄-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး