West Virginia (ဗာဂျီနီးယား) အားနာပါတယ်

လာမဲ့စနေနေ့မှာ (အနောက်ဗာဂျီနီးယား) မယ် ဒီမိုကရေစီအစိုးရကို ကြိုဆိုတဲ့ပွဲလုပ်မယ်တဲ့။ လာစကားပြောဘို့ဖိတ်စာကို စောစောကတည်းကရပါတယ်။ (အင်ဒီယာနာပလစ်) စကနေ (မိုးဖီးလ်ဒ်) ထိ ၄၈၈့၎ မိုင်ဝေးလို့ ကာနဲ့ ၇ နာရီ ၄၇ မိနစ် မောင်းရမယ်။ (ပင်ဆယ်လ်ဗေးနီးယား) ပြည်နယ် (ပစ်ဗဂ်) မှာ သွားအိပ်ဖို့လည်း စီစဉ်ထားတယ်။ (မိုးဖီးလ်ဒ်) ကနေ (ပစ်ဗဂ်) ကို  ၁၆၁့၆ မိုင်ဝေးလို့ ၃ နာရီ ၁၅ မိနစ်မောင်းရမယ်။ (ပစ်ဗဂ်) ကနေမှ ၃၅၉့၅ မိုင်ဝေးတဲ့ (အင်ဒီယာနာပလစ်) ကို ၅ နာရီ ၄၁ မိနစ်ကားမောင်းပြီးပြန်မယ်။

အဆင်မသင့်ချင်တော့ ကားမောင်းဖေါ်တယောက်က လိုက်မယ်ပြောထားပြီးမှ မအားတာနဲ့ အစီအစဉ်ကို ကနေ့ပဲ ဖျက်လိုက်ရတော့တယ်။ (ပစ်ဗဂ်) မှာသီတင်းသုံးတဲ့ ပုလဲနယ်က ဦးဇင်းတပါးနဲ့ စိုင်ပြင်ကြီးက မိတ်ဆွေတို့နဲ့ပါ နိုင်ငံရေးစကားတွေပြောဘို့ပါ။ နိုင်ငံရေးစကားပြောရတာ ပြောဖက်ရွေးရတယ်။ (ဗာဂျီနီးယား) ပရိတ်သတ်ကို ကြိုတင်မသိပါ။ ကိုယ်ပြောချင်တာတွေချည်းပြောနေတာ အကျိုးမများစေပါ။ တဖက်လူရေချိန်သိမှ ပြောရတာ ကောင်းတယ်။ ကိုယ်မသိသေးတာလည်း ယူလို့ရတယ်။

ဖိတ်ဖေါ်ရလို့ (ဗာဂျီနီးယား) က နိုင်ငံရေးမိတ်ဆွေတွေကို ကျေးဇူးတင်တယ်။ အားနာတယ်။ (ပစ်ဗဂ်) မှာ အိပ်စရာကအစ စီစဉ်ထားကြလို့ ကျေးဇူးတင်တယ်။ အားနာတယ်။

ဒေါက်တာတင့်ဆွေ
၁၄-၄-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး