မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Saturday, May 28, 2016

Believe It or Not ကဲ ယုံချင်ယုံ မယုံချင်နေ

အိပ်ယာထရင် ညကလာတဲ့ (ကွန်မင့်) တွေကိုလိုက်ဖတ်ရတဲ့အလုပ်နဲ့ စပါတယ်။ ကနေ့ အတော်မချောင်ပါ။ ခုထိ မပြီးနိုင်သေးဘူး။ အများဆုံးက One-Sided Arguments မဟာအမှားကြီး၊ ဧရာဝတီသတင်း = စင်ကာပူဖိုရမ်တွင် အစိုးရသစ်အား ဝေဖန်ဖြစ်ပါတယ်။ အဲဒီကွန်မင့်တွေထဲမှာ ဒီ (၂) လည်းပါလို့ လင့်တွေလိုက်ရှာရသေးတယ်။
လရောင် ထွန်း ကိုတိုင်မကြားရလို့မယုံပါ
Soe Naing ဟုတ်တယ် ညေး။ ကွီးလည်း ယုံဘူး။

Myanmar Forum 2016
Date: 20 May 2016
Time: 08.30 am - 5.15 pm
ABOUT THE FORUM
ISEAS-Yusof Ishak Institute, in partnership with the University of Michigan’s Center for Southeast Asian Studies, will convene the Myanmar Forum 2016 on 20 May 2016.
This one-day Forum will engage Myanmar country specialists, business and government practitioners with an international audience of public and private sector actors interested in Myanmar’s development, to discuss the road ahead for Myanmar in 2016 and beyond. The Forum’s value over other discussions on Myanmar lies in the informed assessment by those involved in various aspects of the country’s reforms, and their candid discussion of the challenges it faces. The Forum will be a public event, open to registration by members of government, academia, research, business and civil society.

Click here for more info on the Myanmar Forum 2016.
https://www.iseas.edu.sg/medias/event-highlights/item/3165-myanmar-forum-2016 
Photo: The 5 panels and the dialogue session in action. (Source: ISEAS – Yusof Ishak Institute)

ဒါလည်း တချို့တွေက ယုံသေးဘူးပြောအုန်းမှာလည်း သိပါရဲ့။

Ripley's Believe It or Not! ဆိုတာ အမေရိကန်နိုင်ငံသား (ရောဘတ် ရစ်ပလေ) ကနေတည်ထောင်ထားတဲ့ နာမည်ကြီး အစီအစဉ်တခုပါ။ နားလည်ရခက်တဲ့၊ မယုံနိုင်လောက်တဲ့၊ ဟုတ်ပါ့မလားထင်နိုင်တဲ့ တကယ့်အဖြစ်အပျက်တွေကို မှတ်တမ်းတင်းရိုက်ကူးထားတယ်။ ရေဒီယို၊ တီဗွီ၊ အတွဲလိုက်စာအုပ်တွေ၊ ကာတွန်းစာအုပ်တွေနဲ့ ပြတိုက်တွေဆိုပြီး ရှိတယ်။ ဓါတ်ပုံပေါင်း (၂ဝ,ဝဝဝ)၊ အပိုင်းအစပေါင်း (၃ဝ,ဝဝဝ) နဲ့ ကာတွန်း (၁ဝဝ,ဝဝဝ) ပါတယ်။ (အိုလန်ဒို) မှာရှိတဲ့ Ripley Entertainment, Inc. ကို တနှစ်မှာ လူပေါင်း (၁၂) သန်းလာကြည့်ကြတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၅-၂ဝ၁၆

No comments:

Post a Comment

Note: Only a member of this blog may post a comment.