Choose Your Words ခုတမျိုး တော်ကြာတမျိုး

အခုလေးတင် ကျွန်တော့်ဖရင်းထဲက တိုင်းရင်သားလူမျိုးတယောက်ကနေ သူနဲ့လူမျိုးတူ နာမည်ရနိုင်ငံရေးထဲက တယောက်အကြောင်းရေးတာ ဖတ်လိုက်ရတယ်။ အဲဒီနာမည်ရ တိုင်းရင်းသားခေါင်းဆောင်တယောက် လူမျိုးတူ တိုင်းပြည်ခေါင်းဆောင်တဦး နေရာရတာကို အရင်တခါပြစ်တင်သံနဲ့ မီဒီယာကနေပြောထားပြီး အခုတခါ လေသံ ပြောင်းတယ်လို့ ထောက်ပြထားတယ်။

ကျွန်တော်လည်း မနက်ကပါပဲ တိုင်းပြည်အထင်ကရခေါင်းဆောင်ကို မီဒီယာကနေ အကြိမ်များစွာ ဝေဖန်ပြစ်တင်ခဲ့တဲ့ တခြားတိုင်းရင်းသားနာမည်ရတယောက် လေသံပြောင်းပြောပြန်တာ ကြားလိုက်ရသေးတယ်။

မြန်မာပြည်ရဲ့ နိုင်ငံရေးယဉ်ကျေးမှုအရ ကျွန်တော်ကတော့ နာမည်တွေဘာတွေ ရေးလို့၊ ပြောလို့မဖြစ်ပါ။ ဗမာကနေ တိုင်းရင်းသားကိုပြောမိရင် ကျိန်စာသင့်သလိုခံရတတ်တယ်။ နယ်စပ်တွေမှာတုန်းကတော့ တိုင်းရင်းသားပုဂ္ဂိုလ်တဦးချင်းနဲ့ ဆက်ဆံရတာ အတော်အဆင်ပြေခဲ့ပါတယ်။ အခုအခြေအနေက တမျိုးပဲဗျ။

ဒေါက်တာတင့်ဆွေ
၃ဝ-၅-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး