Dress code ခါးတောင်းကြိုက်ယူနီဖေါင်း

ဒီသတင်းလေးတွေ့လို့ စာအဟောင်းလေးပြန်တင်ပါရစေ။

ကျွန်တော့်အဖို့မှာ -
• ဒီအက်စ်အေ-၁၁ သွားဖြေတာ ခေါ်တဲ့ထဲမပါလို့ စစ်ယူနီဖေါင်းနဲ့လွဲပါတယ်။
• ဆေးကျောင်းသားလုပ်တော့ ဂျူတီကုတ်က ခေတ်မစားသေးပါ။
• ဘွဲ့ယူတာလဲအဝေးရောက်မို့ ဘန်ကောက်ပုဆိုးဝတ်စရာမလိုခဲ့ပါ။
• မင်္ဂလာဆောင်မှာ လက်မှတ်ထိုးတာသာလုပ်လို့ ရှိုးမထုတ်ခဲ့ရပါ။
• ပြည်တွင်းနိုင်ငံရေးအဟောအပြောမှာ ပင်နီချောသာဝတ်ပါသည်။
• သူများတိုင်းပြည်တွေသွား ဒီမိုကရေစီစကားပြောရာ ကြောင်လျှာသီးပါမှရပါသည်။
• တီဗွီအင်တာဗျူးမှာသာ ရှူးဖိနပ်စီးဘို့လိုပါသည်။
• ၁၉၉ဝ မှာ အမတ်ဖြစ်ပေမဲ့လဲ မောင့်ကျက်သရေနဲ့လွဲခဲ့ရပါသည်။
• အနေဝေးပေမဲ့ အာဏာရှင်တိုက်ဖျက်ရေးမှာ ခါးတောင်ကြိုက်သူများနဲ့နေ့ညမဟူ အတူရှိနေပါသည်။

ဒေါက်တာတင့်ဆွေ
၂၇-၁-၂ဝ၁၆
၂၅-၅-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး