E-Cigarette အီး-စီးကရက်နဲ့ ကျန်းမာရေး (၁)

E စီးကရက်ကို အန္တရာယ်ကင်းတယ်ဆိုပြီး အိမ်ထဲလာသောက်နေကြတယ်ဆရာ။ ပြောလည်းရေငွေ့ပဲ ထွက်တာဆိုပြီး မှားပြောနေကျတယ်ဆရာ။ အီးစီးကရက်က ပိုဒုက္ခပေးမဲ့ပုံ ဖြစ်နေပြီဆရာ။

- (အီး-စီးကရက်) စပေါ်ချိန်က သတင်းအဖြစ်တင်ခဲ့ပါသေးတယ်။ အခုတခါ တကြော့ပြန် သတင်းတွေ ထွက်လာပြီး မေးလာသူလဲရှိလို့ သိသင့်တာလေးတွေကိုရေးပါမယ်။
- ပဌမဆုံး အမေရိကန် နှလုံးရောဂါအသင်းက ၂၅-၈-၂ဝ၁၄ နေ့က ထုတ်ထားတဲ့ ကျန်းမာရေးလမ်းညွှန်နဲ့စပါရစေ။
- လက်ရှိသုတေသနတွေ့ရှိချက်တွေအရ (နီကိုတင်း) ပါတဲ့ အီး-စီးကရက်ဟာ (တိုဘက်ကို) ဆေးကနေ လုပ်ထားတာ ဖြစ်တယ်။ ဒီလိုထုတ်ကုန်မှန်သမျှဟာ ဥပဒေအရ သက်ရောက်မှုရှိရမယ်။ ဒါ့အပြင် (အီး-စီးကရက်) ကို လက်လှမ်းမီရေး၊ ရောင်းချရေး၊ လူငယ်တွေအတွက် ဈေးကွက်ကနေရောင်းနေတာတွေကို ပြန်လည် ဆန်းစစ်ဘို့အပြင် သုတေသနတွေ ပိုလုပ်ဘို့ကိုပါ နှလုံးရောဂါအသင်းက တောင်းဆိုလိုက်ပါတယ်။
- လွန်ခဲ့တဲ့ နှစ် ၅ဝ အတွကင်း အမေရိကန်လူမျိုးတွေ (တိုဘက်ကို) နဲ့ ဆက်စပ်ပြီး သေဆုံးခဲ့ကြတာ သန်း ၂ဝ ရှိတယ်။
- (အီး-စီးကရက်) ပေါ်လာတဲ့အါ (တိုဘက်ကို) ထိန်းချုပ်ရေးနယ်ပယ် ပြောင်းလာတော့တယ်။ လေ့လာဆန်းစစ်မှုတွေ အကြီးအကျယ်လုပ်ဘို့ လိုလာပါတယ်။
- ဖက်ဒရယ် (ဗဟို) အစိုးရကနေ လူငယ်လူရွယ်တွေ (အီး-စီးကရက်) မသောက်ဘို့ တားမြစ်သင့်တယ်လို့ ပေါ်လစီ ကြောငြာချက်ထဲမှာပါတယ်။
- ထင်ပေါ်ကျော်ကြားသူတွေကနေ (အီး-စီးကရက်) သောက်ပြနေလို့ လူငယ်တွေကို လိုက်လုပ်ချင်ဘို့ ဆွဲဆောင်မှု ဖြစ်စေတယ်။ ၂ဝ၁၁ ကနေ ၂ဝ၁၃ အတွင်း (အီး-စီးကရက်) ကြော်ညာတာ အဆ ၂၅ဝ တက်လာခဲ့တယ်။ လူငယ် ၂၄ သန်း သောက်နေကြတယ်။
- ၂၆-၈-၂ဝ၁၄ နေ့ကလာတဲ့ WHO သတင်းအရ (အီး-စီးကရက်) ကို အသက်မပြည့်သူတွေကို မရောင်းချဘို့ အကြံပြုထားပါတယ်။ တကမ္ဘာလုံးမှာ (အီး-စီးကရက်) သောက်နေသူပေါင်း ၂ဝ၁၂ မှာ လွန်ခဲ့တဲ့၎ နှစ်အတွင်း ၂ ဆ တိုးလာခဲ့တယ်။ WHO အဖွဲ့ဝင်နိုင်ငံတွေထဲက တဝက်က မလိုက်နာကြတာတွေ့ရတယ်။
- ၂ဝဝ၅ တုံးက တရုပ်ပြည်မှာ (အီး-စီးကရက်) ထုတ်လုပ်သူတဦးတည်းကနေ ၃ ဘီလီယန်ဘိုးရှိခဲ့တယ်။ အမေရိကမှာ ၂ ဘီလီယန်ဘိုးထုတ်လုပ်တယ်။  ရိုးရိုးစီးကရက်ထက်တော့ အဆိပ်ဖြစ်မှုနည်းတာမှန်ပါတယ်။
- သက်သေအထောက်အထားတွေအရ (အီး-စီးကရက်) ကနေ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေကို ထိခိုက်စေတယ်။ ဦးနှောက်ဖွံ့ဖြိုးမှုကိုထိခိုက်တယ်။

E-Cigarette အီး-စီးကရက်နဲ့ ကျန်းမာရေး (၂) ကိုလည်းဖတ်ပါ။

ဒေါက်တာတင့်ဆွေ
၂၇-၈-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး