E-Cigarette အီး-စီးကရက်နဲ့ ကျန်းမာရေး (၂)

• E-cigarette ရဲ့အရှည်က Electronic cigarette ဖြစ်တယ်။ Electronic nicotine delivery system (ENDS) လို့လဲခေါ်တယ်။ Battery-powered vaporizer ဗက်ထရီသုံးရေငွေ့ဓါတ်လွှတ်ပေးတာမို့ Personal vaporizer (PV) လို့လဲခေါ်တယ်။ သောက်တဲ့သူက ရေငွေ့ကိုရှူနေရတာမျိုးဖြစ်တယ်။ Atomizer ခေါ်တာက အပူဓါတ်ရလာပြီး e-liquid အရည်ကိုအငွေ့ထွက်လာစေတယ်။ E-liquids ထဲမှာ propylene glycol, vegetable glycerin, nicotine နဲ့ flavorings တွေရောပါနေတယ်။ တချို့အမျိုးအစားတွေကနေ flavored vapor ကိုသာထုတ်ပေးပြီး nicotine (နီကိုတင်း) မပါဘူး။
• (အီး-စီးကရက်) ရဲ့ ကောင်း-ဆိုးတွေကို ခုထိ တိတိကျကျကပြောဘို့ခက်သေးတယ်။ (နီကိုတင်း) မပါလို့၊ (နီကိုတင်း) နည်းလို့ ရိုးရိုးစီးကရက်ထက် ကျန်းမာရေးမှာ ဆိုးတာသက်သာမယ်လို့ နောက်ဆုံးကောက်ချက်ချဘို့ စောသေးပါတယ်။
• သေချာလောက်တာတခုက တခြားဆေးလိပ်သလို စွဲနိုင်တယ်။ ဒါကိုလဲ ဒီအမျိုးအစားကိုမှ စသောက်သူတွေကို ပြောဘို့ရာတော့ ကောက်ချက်ချဘို့ စောသေးတာဘဲ။
• (အီး-စီးကရက်) သုံးစွဲသူအရေအတွက်များလာနေတယ်။ ၂ဝ၁၂ အတွင်း လူကြီးတွေမှာ ၃့၎% နဲ့ လူငယ်တွေမှာ ၁ဝ% တိုးများလာခဲ့တယ်။ (ယူကေ) မှာဆိုရင် ၂ဝ၁၃ အတွင်းမှာ ၇ သိန်းကနေ ၂့၁ သန်းအထိရှိလာတယ်။ သူတို့ထဲက ၄ဝ% ဟာ အရင်ကဆေးလိပ် မသောက်ဘူးကြသူတွေဖြစ်တယ်။
• ၂ဝ၁၄ ဇွန်လမှာ WHO ကနေပြောခဲ့တာက ဆေးလိပ်ဖြတ်ဘို့အတွက် အစားထိုးအဖြစ် (အီး-စီးကရက်) ကို ပြောင်းသောက်တာအတွက်ဆိုရင် အခိုင်အမာပြောမရသေးပါလို့ ဆိုပါတယ်။ အန္တရာယ်နည်းစေမယ် ဆိုတဲ့ အပြောဟာ ငြင်းခုန်စရာအဆင့်မှာသာ ရှိပါသေးတယ်။ WHO ရော၊ ယူအက်စ်ရော၊ ယူကေ ကနေရော ဒီအတိုင်းသာ ပြောနိုင်ကြသေးပါတယ်။ သုတေသနလေ့လာမှုတွေ အမျိုးမျိုးရှိပေမဲ့ အကျိုး-အပြစ်ကို အားလုံး သဘောတူထားတာရယ်လို့ မရှိသေးပါ။
• Second hand smoker ရိုးရိုးဆေးလိပ်သောက်သူအနားမှာနေရသူတွေထက် (အီး-စီးကရက်) သောက်သူအနားမှာ နေရသူတွေအတွက်တော့ Second hand vapor အန္တရာယ်ပိုနည်းပါမယ်။
• Addiction စွဲတတ်တာမှာလဲ (အီး-စီးကရက်) သောက်ရင် ရိုးရိုးဆေးလိပ်သောက်သူတွေလောက် မဆိုးဘူးလို့ ပြောမရသေးပါ။
• ဖြစ်စေနိုင်တာတွေထဲမှာ ပေါက်ကွဲမှုဖြစ်တာနဲ့ မီးလောင်တတ်တာတွေလဲပါတယ်။ ဆိုးဝါးတာတွေမဟုတ်ပေမဲ့ လည်ချောင်းရောင်နိုင်တယ်။ ချောင်းဆိုးနိုင်တယ်။ ပျို့အန်ချင်မယ်။ (အီး-စီးကရက်)မှာသုံးတဲ့အရည်တွေကို အရေပြားကို တိုက်ရိုက်ထိစေမယ်ဆိုရင်၊ မျိုမိရင် အန္တရယ်ဖြစ်စေနိုင်တယ်။ ကလေးတွေဆို ပိုဆိုးတယ်။

E-Cigarette အီး-စီးကရက်နဲ့ ကျန်းမာရေး (၃)

• အရင် ၂ ပုဒ်ရေးပြီးပြီ။ ဒီတခါ ကနေ့နောက်ဆုံးရ သုတေသနသတင်းကိုအခြေခံရေးပါမယ်။ အရင်သတင်းတွေမှာလိုဘဲ တိုက်တွန်းတာလဲရှိတယ်၊ ဆန့်ကျင်ကန့်ကွက်တာလဲရှိတယ်။
• ရိုးရိုးစီးကရက်သောက်နေရာကနေ အီး-စီးကရက်ကိုပြောင်းသောက်လို့ တနှစ်မှာ အသက်ပေါင်း ၆ဝဝဝ ကို ကယ်ရာကျတယ်လို့ ဆိုလာတာကတော့ University College London (UCL) သုတေသနကဖြစ်တယ်။ တခြားလန်ဒန်က အဖွဲ့တခုကတော့ အဲလိုပြောတာဟာ လမ်းလွဲကိုညွှန်ရာကျတယ်လို့ဆိုပါတယ်။
• ပြီးခဲ့တဲ့အပါတ်ကဘဲ WHO ကနေ အီး-စီးကရက်ကို လူအများစုဝေရာနေရာတွေမှာ တားမြစ်သင့်တယ်လို့ ထောက်ပြထားခဲ့ပါသေးတယ်။ အကြောင်းပြချက်ကတော့ လေထဲမှာ (နီကိုတင်း) နဲ့ အဆိပ်ဓါတ်ငွေ့တွေ ပိုလာစေမှာမို့ဖြစ်တယ်လို့ဆိုပါတယ်။ နောက်ပြီး အီး-စီးကရက်သောက်ရာကနေ တကယ့်စီးကရက်ကို ပြောင်းသောက်ဘို့လဲဖြစ်လာစေနိုင်သေးတယ်လို့ပါရှိပါတယ်။
• UCL ကလေ့လာသူတွေအဆိုအရ အဲလိုပြောင်းတာ ၁% ထက်နည်းတယ်လို့ဆိုပါတယ်။ အိတပ်လိုဟာ အီး-စီးကရက်ရဲ့ ရေငွေ့ထဲမှာပါတာမှန်ပေမဲ့ အလွန်နည်းတယ်လို့ပြောပါတယ်။ ရိုးရိုးစီးကရက်ရဲ့ ၂ဝ ပုံ ၁ ပုံသာ ပါတယ်။
• ယူကေမှာ ဆေးလိပ်သောက်သူပေါင်း ၉ သန်းလုံးကနေ အီ-စီးကရက်ကိုပြောင်းသောက်ကြရင် တနှစ်မှာ ၅ သောင်း သေနေရာကနေ ၅ သောင်း ၄ ထောင်သာသေပါမယ်လို့ UCL ကဆိုတာဖြစ်ပါတယ်။
• ချုပ်လိုက်ရင် ပိုကောင်းစေနိုင်တာလဲရှိတယ်။ တလွဲကိုဆွဲခေါ်ရာလဲကျတယ်။ တချို့လူတွေဟာ ပညာရှင်တွေ ပြောလဲ လိုက်နာကြတာမဟုတ်ပါ။ ကံတရားနဲ့ဥာဏ်အားတွေကနေ လူ့အသက်ကို ဆက်ပြီးပြဋ္ဌာန်းနေမှာသာ ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၈-၂ဝ၁၄

၅-၉-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး