Floating Water Hyacinth ဗေဒါက တပင်တည်း

- Yown Layy ဆရာ့ကိုကျန်းမာရေးအတွက်မေးချင်ပါတယ်ရှင့် ဘယ်လိုမေးရပါမလဲရှင့်
- Ju Ju ဆရာဆေးခန်းဘယ်မှာထိုင်ပါသလဲ လိပ်စာလေးသိချင်ပါတယ်
- Suelay Nwe ဆေးခန်းဘယ်မှာထိုင်လဲ သိချင်လို့ပါဆရာ လိပ်စာလေးပြောပြပေးပါလား
- Mee Mee ဖတ်မရဘူးဆရာ
- Ayethi Khaing ဖတ်မရဘူးဆရာ

ဆောရီး။ ဆောရီး။ ဆောရီး။ မေးနည်းစည်းကမ်းကို Like လုပ်သလိုလုပ်ရချင်တယ်။ (ကလစ်) လုပ်တာနဲ့ပြီးသွားနိုင်တာ လုပ်ပေးကြပါဗျာ။ အဲလိုလာတိုင်း ပို့ပေးနေရတာ တကယ်ကို (ဘုရားစူး) မနိုင်ဘူးဖြစ်နေတယ်။

ဘယ်မှာနေလည်းပြောရတာ သိတဲ့လူတွေကို အားနာလှပြီ။ ကျွန်တော် ၁၉၉ဝ ခုနှစ်အကုန်ကတည်းက နိုင်ငံရေးကြောင့် မြန်မာပြည်ကနေ ထွက်ပြေးခဲ့ရတာ၊ ခုထိမပြန်နိုင်သေး၊ ဆေးခန်းလည်း မရှိတော့ပါ။

ဖတ်မရတဲ့ (လင့်ခ်) ကတော့ ဟုတ်တယ်။ ကျွန်တော် ဆေးပညာစာတွေ၊ တခြားစာတွေရေးနေတာ Blog (ဘလော့ဂ်) ပေါ်စကတည်းကပါ။ အဆင်မပြေလို့ (ဘလော့ဂ်) တွေအသစ်လုပ်ရတာလည်း (၁ဝ) ကြိမ်လောက်ရှိမယ်။ အခုနောက်ဆုံးတခုကတော့ အဆင်ပြေနေတာ အတော်ကြာပြီ။ (ဘလော့ဂ်) အဟောင်းက (လင့်ခ်) တွေနဲ့ အစားမထိုးနိုင်သေးပါ။ အချိန်ကမရလို့ ဂွကျနေတယ်။ ကြိုးစားပါအုန်းမယ်။ ဖတ်ချင်တဲ့ခေါင်းစဉ်ကို မြန်မာလို၊ အင်္ဂလိပ်လို Search ရှာဖွေစရာမှာရိုက်ရှာရင် ၈ဝ% လောက်ရပါမယ်။ မရရင် ခေါင်းစဉ်ကိုပြောပြီး မေးနည်းစည်းကမ်းအရ မေးသူတိုင်းဆီကို (လင့်ခ်) ဖြစ်ဖြစ် စာတပုဒ်လုံးဖြစ်ဖြစ်ပို့ပေးနေပါတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၅-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး