Heavy Sigh ဟင်းကနည်း သက်ပျင်းချခြင်း

မောသွားပြီး။ အမြီးအမောက်မတည့်တဲ့မေးခွန်းတွေ များတယ်။ အသက်-ကျား-မ စုံအောင်မပြောသူလည်း များတယ်။ မေးခွန်အရှည်ကြီးတွေလည်း များတယ်။ ဟယ်လို-ဟိုင်း-ဆရာရှင့်ပဲရေးတာလည်း များတယ်။

မနက်က အဘအကြောင်းအောက်မှာ ဘဘ ဆရာဆိုလို့ ဘလော့လိုက်တယ်။ သားလို့မေးတဲ့သူဆီကို The era အဘတို့ခေတ်၊ သမီးတို့ခေတ်စာ ပို့ထားတာ။ သူ့ဆီကပဲ သားဆိုပြီးထပ်မေးလာပြန်တယ်။

တယောက်တော့ -
ဆရာကြီးရှင့် မင်္ဂလာပါ
ဆရာကြီးရှင့် မင်္ဂလာပါ
ဆရာကြီးရှင့် မင်္ဂလာပါ
ဆရာကြီးရှင့် မင်္ဂလာပါ
ဆရာကြီးရှင့် မင်္ဂလာပါ
ဆရာကြီးရှင့် မင်္ဂလာပါ
ဆရာကြီးရှင့် မင်္ဂလာပါ
ဆရာကြီးရှင့် မင်္ဂလာပါ တဲ့။

Sigh = a long, deep, audible exhalation expressing sadness, relief, tiredness, or a similar feeling.

ဒေါက်တာတင့်ဆွေ
၁၈-၅-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး