How People Camouflage Works ပြောင်းတတ်သူများ

ပညာရှင်ကြီးတွေထဲက ကိုမင်းဇင်ကို သူပြည်ပထွက်လာကစတုန်းက ဇင်းမယ် (ချင်းမိုင်) မှာဆုံတယ်။ ကျွန်တော့်မှာ ပြည်တွင်းကနေ ပြည်ပထွက်လာသူတိုင်းကို တမင်တကာသွားတွေ့ပြီး သိချင်တာတွေမေးတဲ့အကျင့်ရှိလို့ပါ။ ဧရာဝတီကိုတည်ထောင်မယ့် ကိုအောင်ဇော်အိမ်မှာလို့ထင်တယ်။ ကိုမင်းဇင် အဲဒီတုန်းကသုံးသပ်တာတွေက စစ်အစိုးရမကောင်း၊ ဒေါ်စုက မှန်တယ်လို့ဖြစ်တာ အမှတ်ရနေတယ်။

ဒေါက်တာတင်မောင်မောင်သန်းဆိုတာ ကျွန်တော်နဲ့သိတဲ့ သင့်ဘဝ ကိုတင်မောင်သန်း မဟုတ်ဘူးထင်ပါတယ်။ သင့်ဘဝ ကိုတင်မောင်သန်းကတော့ ဦးသိန်းစိန်တက်ကတည်းက ထိုင်စရာရပြီး၊ ပြောစရာစကားမရဖြစ်နေပုံကြတယ်။

မြန်မာရေးရာကျွမ်းကျင်သူတွေ၊ ဘာမားစိတ်စပတ်တွေ တဝက်ကျော်ကျော်ကို ကျွန်တော်က သဘောမတူတာများတယ်။ ဒေါက်တာတင်မောင်မောင်သန်းလည်းပါတယ်။ ဒေါက်တာကျော်ရင်လှိုင် လည်းပါတာပေါ့။ (ကျွန်တော်က သူတို့လို ပါရဂူဘွဲ့ရသူတော့ မဟုတ်ပါ။)

(ဦး) ကိုကိုကြီးကိုတော့ လူချင်းမသိပါ။ သူ့ကို NLD သားမက်လို့သာသိထားတယ်။

NLD အစိုးရလက်ထက် ပြောင်းလာတာတွေထဲမှာ ဝေဖန်သူတွေက လူသစ်တွေဖြစ်နေတာလည်းပါတယ်။ လူတယောက်တည်းကနေ အစိုးရပြောင်းရင် အပြောတွေလိုက်ပြောင်းတတ်ကြတဲ့ သင်ခန်းစာတခုရလိုက်တယ်။

ဒေါက်တာတင့်ဆွေ
၂၇-၅-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး