မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Friday, May 27, 2016

I participated in 1990 ၁၉၉ဝ မှာ ပါခဲ့တယ်

၂၇-၅-၂ဝ၁၆ နေ့ဆိုရင် ၁၉၉ဝ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးရဲ့ ၂၆ နှစ်ပတ်လည်နေ့ရောက်ပါပြီ။ တချို့က ရလဒ်ကိုခေါက်သိမ်းပြီလားဆရာလို့ မေးလာတယ်။ ရွေးကောက်ပွဲလုပ်ပေးတဲ့စစ်အစိုးရက ဇာတ်သိမ်းပြီကွလို့ ပြောခဲ့တယ်။

• ၉ဝ ရလဒ်ဆိုတာ ခေါက်သိမ်းချိန်မရပါ၊ ကမ္ဗလာခင်းနှီး၊ ခြုံလွှမ်းပြီး ခရီးဆက်၊
• ပွက်ပွက်ဆူအပူကို လဖက်ရည်ကြမ်းသောက်သူမမှုပါ၊
• ကန္တာရလမ်းမှာ၊ ထမ်းပိုးသူမပါဘဲသွား၊
• ကျား၊ ခြင်္သေ့၊ တောဘုရင်၊ သမင်သာစားလို့ရမယ်၊ ငါကား အုတ်ကြားမြက်၊
• အိပ်စက်နားစရာ၊ နှီးဖြာနဲ့ တာလပတ်သာပိုင်တယ်၊
• ယိုင်သော်လည်း မလဲ၊ လဲပေမယ့် ထလျှောက်၊ နောက်ဆုံးချိန်အထိ၊
• တွက်ဆစ်ကြည့် ကျိုးခဲ့တာ ခြေတချောင်းတိတိ၊ လက်ကောက်ဝတ်တဖက်တိတိ၊
• ၂၆ နှစ်ရှိပြီပဲဗျာ။

(၁၉၉ဝ မှာ အတူတူပါခဲ့ကြသူအားလုံးကို ဂုဏ်ပြုလျက်)

ဒေါက်တာတင့်ဆွေ
၂၇-၅-၂ဝ၁၄
၂၇-၅-၂ဝ၁၅
၂၇-၅-၂ဝ၁၆

No comments:

Post a Comment

Note: Only a member of this blog may post a comment.