မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Saturday, May 28, 2016

Know your place သူ့နေရာနဲ့သူ

ကြွက်နို့အောက်မှာ ကြွက်နို့သမားတော်တွေကပေါတယ်။ ကျွန်တော်က တင်ကတည်းက လာတော့မှာသိထားပြီးသား။ ဝက်ခြံအတွက် ပဋိဇီဝဆေးများတင်တုန်းကရေးတာလေး ပြန်တင်ပါရစေ။ အဲလိုလာတာတွေက အလွန်များတယ်။ ဒါက နမူနာတခုပါ။

ကိုယ်ပိုင်ဆေးနည်းတွေကို ကိုယ့်ဖေ့စ်ဘွတ်မှာသာရေးပါရန်လို့ ခဏခဏ (ခဏခဏ) ရေးပါတယ်။ ခဏနေရင် လူကြီးမင်းတို့ရဲ့ ကွန်မင့်တွေကို ဖျက်ပါမယ်။ ဆောရီး။

လူနာတဦးချင်းကို မကြည့်ပဲ၊ ဥပမာ အသက်-ကျား-မ၊ တဦးချင်းတောင်မှ သူ့အခြေအနေ ဥပမာ အိမ်ထောင်မကျခင်နဲ့ အိမ်ထောင်ကျပြီး၊ အိမ်ထောင်ကျရင်လည်း ကိုယ်ဝန်ဆောင်နဲ့ မဆောင်၊ စတာတွေမသိပဲ ရောကောသောကော ဆေးနည်းပေးလို့ မသင့်ပါ။ ဆေးဆိုတာ ဘယ်လောက်ကောင်းပါတယ်ပြောပြော ဆေးမတည့်တာ (အလာဂျီ) ရတတ်တာလည်း သတိထားရမယ်။ မျက်စိအောက်မှာပျောက်သွားပေမယ့် ကိုယ်ထဲ-သွေးထဲမှာကျန်တယ်။ 

တိုင်းရင်းဆေး၊ ဟာဗယ်ဆေး၊ အာယုဗေဒဆေး၊ စတာတွေကိုသာအားကိုးလိုသူတွေက ဆရာဝန်တွေရေးတာကို မဖတ်ကြပါ။ ကျွန်တော်ကလည်း တိုင်းရင်းဆေး၊ ဟာဗယ်ဆေး၊ အာယုဗေဒဆေးနေရာတွေကိုသွားပြီး ဆရာ မလုပ်ပါ။ နိုင်ငံရေးမှာလည်း ကြံ့ခိုင်ရေးသမားတွေ၊ တခြားဟိုလိုသည်လိုလိုသမားတွေ ဖေ့စ်ဘွတ်ထဲ ဝင်မရေးပါ။

Dr. တင့်ဆွေ
၆-၆-၂ဝ၁၆

No comments:

Post a Comment

Note: Only a member of this blog may post a comment.