Lariam for troops ငှက်ဖျားဆေးနဲ့ စစ်သား

(ယူကေ) နိုင်ငံက ရှေ့တန်းထွက်ရတဲ့ စစ်သားတွေကို ငှက်ဖျားရောဂါဆေးအဖြစ်ပေးနေတဲ့ Lariam (Mefloquine) ဆေးသတင်းဖြစ်ပါတယ်။ ဒီဆေးကို ၂ဝဝ၇ ခုနှစ် ဧပြီလကနေ ၂ဝ၁၅ ခုနှစ်မတ်လအတွင်း စစ်သားပေါင်း ၁၇ဝဝဝ ကိုပေးခဲ့ပါတယ်။ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကိုထောက်ပြပြီး ယူကေပါလီမန်မှာ အမတ်တဦးကနေ ပြစ်တင်လိုက်ပါတယ်။ စိတ်ဓါတ်ကျစေနိုင်တယ်။ စိုးရိမ်စိတ်ကဲစေနိုင်တယ်။

ဆေးကို (၆) လကြာလေ့လာခဲ့တယ်။ ဆေးထုတ်လုပ်တဲ့ကုမ္ပဏီကိုလည်းပြစ်တင်ထားတယ်။ လူအနည်းစုမှာ စိတ်ပိုင်း သက်ရောက်မှုတွေခံရတယ်။ အများစုမှာ ညမှာဒုက္ခရောက်ကြတယ်။ အိပ်မရဖြစ်ကြတယ်။

အကြံပြုသူတဦးကတော့ Lariam (Mefloquine) ဆေးကို နောက်ဆုံးဆေးအဖြစ်နဲ့သာပေးဘို့ဖြစ်တယ်။ တချို့စစ်သားတွေကိုတော့ Malarone နဲ့ Doxycycline ဆေးတွေပေးခဲ့တယ်။

ခြင်ကနေတဆင့်ကူးစက်တဲ့ငှက်ဖျားဖြစ်ရင် ဖျားမယ်။ ခေါင်းကိုက်မယ်။ အန်မယ်။ ဝမ်းလျှောမယ်။ သေစေနိုင်တယ်။

WHO စာရင်းအရ ၂ဝ၁၅ ခုနှစ်အတွင်း လူပေါင်း ၂၁၄ သန်းမှာငှက်ဖျားရောဂါရခဲ့တယ်။ ၄၃၈ဝဝဝ ယောက် သေဆုံးခဲ့တယ်။ ဆာဟာရတောင်ပိုင်းမှာအများဆုံးဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၂၅-၅-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး