My Wishes ကျန်းမာကြပါစေ

(ကွန်မင့်) ကနေ မေးခွန်းမမေးပါရန်စည်းကမ်းလုပ်ထားထားပါတယ်။ ဒါပေမယ့် သည်လိုတွေမေးကြပါတယ်။ နောက်ထပ်လည်းရှိသေးတယ်။ အခုစာရေးနေတုန်းမှာလည်း မေးကြအုန်းမယ်။

1. Cho Lay ဆရာရှင့် သမီးအခုကိုဝန်က ၇ လထဲမှာပါ အဲဒါအဖြူဆင်းပြီ; မိန်းမဖိုအရမ်းယားနေတာ ဘာဆေးသောက်ရမလဲရှင်
2. Cho Myat အမျိုးသမီးတွေ သားအိမ်ခေါင်းကင်ဆာအဆင့်(1)မှာ ဘာလို့ဆောင့်ကြည့်ရတာလဲဆရာ ဘာလို့ ဆေးမပေးတာလဲ သိချင်ပါတယ်ဆရာ ကျေးဇူးပြု၍ဖြေပေးပါနော်
3. Daw Ei Sandar Htwe ရင်သားနာတာကရော စိုးရိမ်ရပါသလားရှင် အကြိတ်လိုမျိုးခံစားရလို့ပါ အဖြူက တခါတလေမှ ဆင်းပါတယ် မိန်းမကိုယ်အရမ်းယားလို့ပါ
4. Daw Khine Mon Thant ဆရာ primolut-N ဆေးအကြောင်းလေးရှင်းပြပါရှင့်
5. Han Oo ဆရာရှင့် ကျမညီမလေးကအသက်၂၇နှစ်ပါ။ ဗိုက်ခွဲမွေးထားတာ ၈ လအကြာမှာ ဒုတိယကိုယ်ဝန် ထပ်ရှိပါတယ်။ ကိုယ်ဝန်ရင့်လာရင်သားအိမ်ကွဲတက်ပါသလား။ စိုးရိမ်ရပါသလား။ ဓာတ်မှန်ရိုက်ကြည့်တော့ သားအိမ်ထဲထည့်တဲ့ပစည်းမရှိတော့ဘူးလို့ပြောပါတယ်။ အကယ်လို့ ပစည်းသားအိမ်ထဲမှာ ကျန်နေရင် ကလေးအတွက်စိုးရိမ်ရပါသလား။ ကျေးဇူးတင်ပါတယ်ဆရာ။အစဉ်လေးစားလျှက်။
6. Jack Lee ဘာကိုဆောင့်ကြည့်ရမှာလဲ?
7. Ĵãiñ Śböńë ဆရာဆရာမများခင်မျာ မိန်မသားမီးဖွားပြီး နားလေထွတ်တာ မကြားရတာကို ဘယ်လိုကုသရင် ရနိုင်ပါလည်း အဆင်ပြေရင်ညွန်ကြားပေးစေလိုပါတယ် ခင်မျာ
8. Jue Jue ဆ၇ာရှင့်ညီမက အသက် ၂၇ ရှိပပြီး သမီလေးမွေးပြီးတာ ခုစို သမီးလေးက ၄ နစ်ဖြစ်နေပပြီး ညိမချုပ်၇ိုးကေ၇ဘုံးစွဲတာတို့ တစ်ခုပေးမန်းတာများလုပ်၇င်နာတယ် သမိးလေးမွေးတုန်တုံးကလဲ ဆေ၇ုံမတင်ဘဲ တစ်ပက်ပြည့်တော့ ချုပ်၇ိုးဟပြီး သငါ်ေ၇တွေထွက်လို့ အသစ်ပြန်ချုပ်ပတယ် ဒ်ါပေမဲ ညိမက အခုလိုချုပ်၇ိုးကနာတော့ နောက်ကလေး ယူလို့ကော၇ပမလား
9. Kaung Sat ဆရာကျန်တော်လဲ အိမ်ထောင်ကြတာ တစ်နှစ်ကျော်လို့  ၂ နှစ်အတွင်းရောက်နေပါပြီ ဒါပေမဲ့ ကျန်တော်အမျိုးသမီးက အခုထက်ထိကိုယ်ဝန်နဲ့ ပတ်သတ်လို့ အခုထိ ဘာမှမထူးခြားသေးပါဘူး ဒီလောက် ၂ နှစ်ရှိပြီဆိုတဲ့အိမ်ထောင်သက်ဟာ အနည်းဆုံးတော့ ကိုယ်ဝန်ရနေလောက်ပြီပေါ့ ကျန်တော့်အမျိုးသမီးက ဘာတားဆေးတွေမှမသုံးပါဘူး အဲ့ဒါကျန်တော်ကလေးလိုချင်လို့ ဘယ်လိုနည်းလမ်းမျိုးက ကောင်းမလဲဆိုတာ ကျေးဇူးပြုပြီပြန်ဖြေကြားပေးပါဆရာ ကျေးဇူးတင်ပါတယ်
10. Ko Tun အူကြရောဂါဘာကြောင့်ဖြစ်တာလဲ
11. Lili Monica 王明鸾 နင်ဖတ်ဖို့သင့်တယ်
12. Mary Mg ဆရာရှင့် အင်နာဗွန်စီ ဆေးနဲ့ပတ်သက်ပီး မေးချင်ပါတယ်။ သမီးက ရုံးသမားဆိုတော့ နေ့စဉ် အင်နာဗွန်စီ ဆေး မနက်ပိုင်း သောက်ပါတယ်။ စွဲသောက်ရင် အန္တရာယ်ရှိနိုင်ပါသလား သိချင်လို့ပါရှင့်။
13. Moes Moes ဆရာရှင့် ကျမအသက် ၂၈ ပါ အိမ်ထောင်ရှိပါတယ် ကလေးလိုချင်လို့ တားဆေးဖြတ်တာ ကြာပါပြီ ဘာလုပ်သင့်လဲရှင့် ရာသီကလဲပုံမှန်မဟုတ်ဘူး ပြောပြပေးပါရှင့်
14. Myo Myo ဆရာရှင့် ကျမအသက် ၄ဝ အိမ်ထောင်သက် ၃ နှစ် ကလေးမရသေး og ပြတော့ သားအိမ်အတွင်းထဲ အသားပိုအပျော့အမာမသိ သားအိမ်ချစ်ကြည့်ဖို့ပြတဲ့ဆရာမကပြောပါတယ် ကောင်းပါသလားရှင့်
15. Phyu Phyu ဘယ်လိုလုပ်ရမလဲဆရာ
16. Phyu Thell Nwe ဆေးခန်းဘယ်မှာထိုင်ပါသလဲဆရာ လိပ်စာလေးသိလို့ရမလားရှင့်
17. Phyu Thell Nwe ဆေးခန်းဘယ်မှာထိုင်ပါသလဲဆရာ လိပ်စာလေးသိလို့ရမလားရှင့်
18. Soe Gyi ကလေးအစားနည်းတာ ဘယ်လိုလုပ်ရပါလဲဆရာပြောပြပေးပါ
19. Soe Khant ဆရာ မျက်နှာမှာ အသားပိုပုံစံ အစက်တွေထွက်လာတာ အန္တရာယ်ရှိနိုင်ပါသလားဆရာ
20. Soe Thandar အသက် ၂၅ ရှိပါပြီး.တစ်ဦးကလေးပါ.ကိုယ်ဝန်၅လကျော်လောက်မှာ အဲထရာဆောင်း ရိုက်ပါတယ် အဲထရာဆောင်းရိုက်တဲ့အဖြေက မှန်နိုင်ပါသလား လူကြီးတွေက ၇လကျော်မှ မှန်တယ်လို့ပြောလို့ပါ ကျေးဇူးပြု၍ ပြောပြပေးပါဆရာ
21. Thae Lay ဆရာ ရှင် သားအဝမှာပန်ရောင်လိုအရာစူထွက်နေရင် အန္တရာယ်ရှိပါသလား ခွဲစိတ်ဖို့လိုသလား အပေါ်မှာ ဆရာပြောပြထားတာနဲ့တော်တော်များများတူနေလို့ သိချင်ပါတယ် ဘာလုပ်သင့်ပါသလဲ
22. Thae Lay ဆရာရှင် သားအဝမှာ ပန်းရောင်လိုအရာ စူထွက်နေရင် အန္တရာယ်ရှိပါသလား ခွဲစိတ်ဖို့လိုသလား အပေါ်မှာ ဆရာပြောပြထားတာနဲ့ တော်တော်များများတူနေလို့ သိချင်ပါတယ် ဘာလုပ်သင့်ပါသလဲ
23. Than Kyaw ဆရာ ကျွန်မကကိုယ်ဝန်နှစ်လမှာ ကလေးကိုတွန်းအားပေးတဲ့ ရေအိပ်ပေါက်လို့ ခွဲစိတ်ထားရပါတယ် ကလေးထပ်ယူရင်အရင်ခွဲတဲ့နေရာကဘဲခွဲရမှာလားဆရာ
24. Yann Yanny လိင်ဆက်ဆံတဲ့အခါ ပြီးခံနီးမှာသုတ်ရည်ကို အပြင်ထုတ်လိုက်ရင် ခလေးရနိုင်ပမလာ ကျေးဇူးတင်ပါတယ်
25. Yuyu Thit ဆရာရှင့် သမီး 25 မှာအိမ်ထောင်ကျပါတယ် ကလေးမရချင်သေးလို့ ဆေးထိုးလိုက်ပါတယ် ရာသီလာတိုင်း နာလွန်းလို့ပြကြည့်တော့ Endometriosis မို့ Dinogen ဆိုလား ဆေးကို ခြောက်လ သောက်ရပါတယ်ရှင့် တစ်ရာမှာကိုးဆယ့်ငါးယောက် ကလေးမရနိုင်ကြောင်းသိရပါတယ် ပြီးတော့ Dipo သုံးလခံဆေးကို တစ်လကိုနှစ်လုံးနှုန်း ဘယ်ညာထိုးနည်းနဲ့ ကိုးလ ဆယ့်ရှစ်လုံးထိုးရပါတယ် ကြားကာလ ကုသချိန်သုံးနှစ်ကျော်ကြာပါတယ် အဲဒီနောက် အခြေအနေအတော်ကောင်းလို့ ကလေးယူလို့ရပြီလို့ ပြောလိုက်ပါတယ် တစ်နှစ်အတွင်းမှာပဲ ကိုယ်ဝန်ဆောင်နိုင်ခဲ့ပြီး အပြစ်အနာအဆာကင်းသော သမီးလေးကို ရိုးရိုးပဲမွေးဖွားနိုင်ခဲ့ပါတယ် အိမ်ထောင်သက် ငါးနှစ်ကျော်မှရတာပါ သမီးသိချင်တာက အဲဒီရောဂါက ကလေးရပြီးရင်ကော ပြန်ဖြစ်နိုင်ပါသေးသလား နာကျင်လွန်းတာကြောင့် ထပ်မဖြစ်အောင် ဘယ်လို နေထိုင်စားသောက်သွားရမလဲ သိပါရစေရှင့် ကျေးဇူးလည်းတင်ပါတယ်ရှင့်
26. Zin Taw Tar ဆရာရှင့် သမီးအသက်က (၂ဝ) ပါရှင့် အပျိုပါရှင့် ရာသီလာရင်လေ မလာခင် အရမ်းကိုက်တယ်ရှင့် ပြီးတော့လေ အမဲတွေပဲဆင်းတယ်ရှင့် အနီလည်းလာဘူးရှင့် ၃ ရက်လောက်ပဲ လာတယ်ရှင့် အနီလုံးဝ ပါဘူးရှင့် သူလာတာ အားမရဘူးပေါ့ရှင့် တစ်နှစ်လောက်တော့ ရှိပြီရှင့် တဖြည်းဖြည်း နည်းလာတယ်ရှင့် အရင်က လာများတယ်ရှင့် အဲဒါ ဘယ်လို လုပ်ရမလဲ မသိဘူး ဆရာ အခုတော့ သွေးဆေး နေ့တိုင်းစားနေပါတယ်ရှင့် ပြောပြပေးနော်
27. ချို ဇင်လတ် ဆရာရှင့် ကျမကသားဦးသမီးလေးကို ခွဲမွေးထားပါတယ် ပက်လက်အိပ်ပြီး ဘေးစေားတဲ့အခါ ချက်ခြင်း မစောင်းနိုင်ဘူးဆရာ တင်ပါးဆုံနားကနာနေတယ် ကြာရင်ဆိုးကျိုးတွေဖြစ်နိုင်လားဆရာ
28. ပပ ဝင်း သမီးက အပျိုပါရှင့် ရာသီမလာတာ နှစ်ပတ်ရှိနေလို့ ဆေးဆိုင်ကိုသွားပီးရှမ်းပျိုမေသွားဝယ်တာ အဲဆေးဆိုင်က Penorit ပေးလိုက်တယ် တစ်ကြိမ်တည်းနှစ်လုံးကိုသောက်ခိုင်တယ်ဆရာ သောက်သင့်လားဆရာ

• ပီး = ပြီး
• အမဲ = အမည်း
• သားအိမ်ချစ် = သားအိမ်ခြစ်
• အကြိတ် = အကျိတ်
• သုတ်ရည် = သုက်ရည်
• မိန်းမဖို = မိန်းမကိုယ်
• တစ်ဦးကလေး = သားဦးကလေး

ကျွန်တော့်ပို့စ်တွေမှာ မျိုးပွါးလမ်းဆိုင်ရာ အသုံးစကားလုံးတွေကို အတတ်နိုင်ဆုံး ယဉ်ကျေးတာရွေးပါတယ်။ မေးတဲ့သူ ID တွေလည်း မထည့်ပါ။ အခု ကွန်မင့်ကနေမေးတာတွေထဲမှာ ကိုယ့် ID နဲ့အတူ အများဖတ်ရင် မလျှော်တာတွေပါနေတာ သတိထားသင့်ကြပါတယ်။

မေးခွန်းမေးသူတွေ ကျန်းမာကြပါစေ။ မြန်မာစာ ကျန်းမာပါစေ။ စည်းကမ်း ကျန်းမာပါစေ။ မြန်မာ့ယဉ်ကျေးမှု ကျန်းမာပါစေ။

ဒေါက်တာတင့်ဆွေ
၁၈-၅-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး