Panic Disorder စိတ်မထိန်းနိုင်ခြင်း

ကျနော်အသက် ၂၄ နှစ်ပါ။ ကျနော်မှာ ဒေါသနဲ့ စိတ်ကိုမထိန်းချုပ်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတခုရှိပါတယ်။ စိတ်ကလဲ တခုခုကိုအလိုမကျတာနဲ့ ဒေါသတွေအရမ်းထွက်တတ်ပါတယ်။ ကိစ္စတခုဖြစ်လာရင်လဲ မကောင်းတဲ့ အမြင်နဲ့ တွေးတတ်ပါတယ်။ ကျနော်ရဲ့ဒေါသစိတ်မထိန်းနိုင်မှုကြောင့် မိသားစုနှင့် ပတ်ဝန်းကျင်ကြားမှာ အဆင်မပြေခဲ့ပါဘူး။ ကျနော်ဖြစ်နေတဲ့ခံစားချက်ကို မိသားစုအပါဝင် မိတ်ဆွေအပေါင်းသင်းတွေလဲ နားမလည် မပေးကျဘူးလို့ ကျနော်စိတ်ထဲမှာထင်နေပါတယ်။ ကျနော်ကိုကျနော်လဲ သာမန်လူရဲ့စိတ်အခြေနေမရှိဘူးလို့ ထင်မိပါတယ်။ psycho ပုံစံလိုမျိုးဖြစ်နေပါတယ်ဆရာ။ မူးယစ်ဆေးဝါးလဲမသုံးပါဘူး။ အခြားလူနဲ့ မတူတာ က ကျနော်က အရမ်းပူအိုက်နေရင် သို့ မဟုတ် ဒေါသထွက်ပြီးစိတ်အလိုမကျရင် ချွေးအရမ်းထွက်တတ်ပါတယ်။ ဘယ်လို ကုသမှု ဘယ်လို ဆေးဝါးတွေကို သောက်သုံးရမလဲဆိုတာ ဖြေကြားပေးပါခင်ဗျာ။ ပြီးတော့ 5-HTP ဆိုတဲ့ဆေးရဲ့ ကောင်းကျိုး ဆိုးကျိုးကို သိချင်ပါတယ်ခင်ဗျာ။ ဆေးပုံစံကို ပို့ပေးလိုက်ပါတယ်ဗျာ။

စိတ်အထူးကုဆရာဝန်နဲ့ စနစ်တကျကုသမှုခံယူတာ အကောင်းဆုံးဖြစ်ပါတယ်။

5-HTP စိတ်ဆေးဆိုတာ ဆေးဝါးဗေးအရ 5-hydroxytryptophan ခေါ်တယ်။ Griffonia simplicifolia အပင် အစေ့ကနေ ထုတ်ယူထားတဲ့ဆေး ဖြစ်တယ်။ စိုးရိမ်စိတ်ကဲခြင်း၊ စိဓါတ်ကျခြင်းနဲ့ အာရုံကြောကြောရောဂါတချို့ကိုသုံးတယ်။ ထိရောက်မှု အတိုင်းအတာ တခုအထိ ရှိတယ်။ Serotonin (ဆီရိုတိုနင်) ဓါတ်နည်းနေသူတွေမှာ ကောင်းစေတယ်။ စိတ်တိုလွန်းသူတွေကိုလည်းပေးနိုင်တယ်။ စားချင်စိတ်နည်းအောင်လည်း သုံးကြတယ်။ စိတ်ဓါတ်ကျသူကို 5-HTP 200 ကနေ 300 mg/day ကို တနေ့မှာ ၃-၄ ကြိမ်ခွဲပေးတယ်။ ဘေးထွက်ဆိုးကျိုးတွေကတော့ ပျို့-အန်ချင်၊ ဝမ်းပျက်၊ ဗိုက်အောင့်၊ ခေါင်းနည်းနည်းကိုက်၊ အိပ်ရေးပျက်တာဖြစ်တယ်။ ကိုယ်ဝန်ဆောင်နဲ့ ကလေးနို့တိုက်ချိန်အတွက် စိတ်ချရမှုအထောက်အထား မပြည့်စုံသေးပါ။

Alprazolam အယ်လ်ပရာဇိုလမ်ဆေး
၁။ Panic Disorder ဆောက်တည်ရာမရဖြစ်ခြင်း
Alprazolam 0.25 to 0.5 mg တနေ့ ၂-၃ ကြိမ်သောက်ပါ။ လိုအပ်ရင် ၃-၄ ရက်နေတော့ ဆေးအလေးချိန်ထပ်တိုးပါ။ တနေ့မှာ အများဆုံး စုစုပေါင်း 4 mg ထက်မပိုရ။

၂။ Panic Disorder ဆောက်တည်ရာမရဖြစ်ခြင်းနဲ့ Depression စိတ်ဓါတ်ကျခြင်း
Alprazolam 0.5 mg တနေ့ ၃ ကြိမ်။ ၃-၄ ရက်တကြိမ်တိုးပေးနိုင်တယ်။ ကောင်းလာရင် 5 to 6 mg နေ့စဉ်ခွဲပေးပါ။

ဒေါက်တာတင့်ဆွေ
၃ဝ-၅-၂ဝ၁၆
၃ဝ-၅-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး