Politics on a cup of Tea

ကနေ့မနက် နိုင်ငံရေးလက်ဖက်ရည်ကို စမူဆာနဲ့သောက်ရတယ်။ ဒကာခံသူက ပြောစရာတွေ ရင်ထဲပြည့်လာရင် လာခေါ်နေကြ။

• အင်္ဂလိပ်ကိုလိုနီခေတ်မှာ ချင်းတောင်များနဲ့ ရခိုင်ဒေသကို တစုတည်းထားအုပ်ချုပ်ခဲ့တဲ့ သမိုင်းအခံကနေစတယ်။
• အင်းစိန်တိုက်ပွဲလို့ခေါ်ကြတဲ့ ဦးနုအစိုးရ ၁၉၄၉ ဇန္နဝါရီလထဲတုန်းက KNDO လက်ထဲမကျခဲ့တာ ဘယ်လိုက ဘယ်လို ပြောပြရတယ်။ နွားတွေတင်ထဲ သင်္ဘောကြီးဇာတ်လမ်းကိုပြောတော့ စိတ်ဝင်စားတယ်။ (နေရူး) နာမည်ကို ရေးမှတ်သွားတယ်။
• အစဉ်အဆက် ကာကွယ်ရေးဦးစီးချုပ်တွေဖြစ်ကြတဲ့ ဗမခ စောကြာဒိုး၊ ဗမခ နေဝင်း၊ ဗမခ အောင်ကြီး၊ ဗမခ စန်းယု၊ ဗမခ သူရတင်ဦး၊ ဗမခ ကျော်ထင်၊ ဗခ အေးကို၊ ဗခ ထွန်းရီ၊ ဗခrက စောမောင်၊ ဗခမက သန်းရွှေတို့ကနေ ဗခမက မင်းအောင်လှိုင်အထိ ပြောပြရတယ်။
• သမတအဆက်ဆက် စပ်ရွှေသိုက်၊ စောဘဦး၊ မန်းဝင်မောင်၊ ဦးနေဝင်း၊ ဦးစန်းယု၊ ဦးစိန်လွင် (၁၆ ရက်)၊ ဦးအေးကို (၇ ရက်)၊ ဒေါက်တာမောင်မောင် (၃ဝ ရက်) တို့ကနေ ဦးသိန်းစိန်နဲ့ ဦးထင်ကျော်အထိလည်းရွတ်ပြရတယ်။
• ဗခမက စောမောင်နဲ့ အတွင်းရေးမှူး (၂) ဗခက တင်ဦးတို့ ရှင်းလင်းခံရတာတွေလည်း ပြောဖြစ်ကြသေးတယ်။
• တိုင်းရင်းသားအရေးကတော့ ကျယ်ပြန့်ရှုတ်ထွေးလွန်းလို့ စပ်မိသလောက်သာပြောဖြစ်တယ်။ ၁၉၄၇ အခြေခံဥပဒေနဲ့ ၁၉၆၂ ဖေဖေါ်ဝါရီလ ပြည်လမ်းအသံလွှင်ရုံအစည်းအဝေးကနေစတယ်။ လက်နက်နဲ့ ဒီမိုကရေစီလဲတာတွေ၊ ဗကပ လက်အောက်ကနေ ထွက်လာကြတဲ့တိုင်းရင်းသားအဖွဲ့တွေ၊ လက်နက်နဲ့ငြိမ်းချမ်းရေးလဲတာတွေ၊ ဦးသိန်းစိန် လက်ထက်က ဟာတွေတော့ ထူးပြောမနေတော့ပါ။ တရုပ်လက်ခြေ ဦးနေဝင်းလက်ထက်ကနေစပြီး၊ စစ်အစိုးရ၊ ပြီးခဲ့တဲ့အစိုးရနဲ့ အခုအစိုးရအထိပါလာတာတွေ ပြောဖြစ်တယ်။ အခုအလားအလာမှာတော့ စတည်းကဆို ယဉ်သကိုယ် ဖြစ်နေတာပါပြောဖြစ်ကြတယ်။
• လက်ဖက်ရည်တခွက်နဲ့ ရေနွေးကြမ်းနှစ်အိုးကုန်သွားတယ်။ အပြန်မှာ မွန်ခင်ပွန်းနဲ့ ချင်းဇနီးတို့ရောင်းတဲ့ မြန်မာဆေးနဲ့ ကွမ်းရာဝင်ဝယ်သေးတယ်။ နောက်တခါဆို နေရာပြောင်းထိုင်ကြဘို့လည်း ကြိုတင် သဘောတူထားကြတယ်။

ဒေါက်တာတင့်ဆွေ
၁၃-၅-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး