Shut your Mouth တေမိမင်းသား

ဗမာဖြစ်လို့ အားသာတာရှိတယ်။ အရေအတွက်များလို့။ အဆင်မပြေမှုတိုင်းမှာတော့ တခုမကျန် ပြစ်တင်တာခံရမယ်။ ဆဲရေးတာလည်းခံရမယ်။ ဆဲစရာလုပ်သူတွေကလည်းရှိလို့။ ဗခက နေဝင်း၊ ဗခမက စောမောင်၊ ဗခမက သန်းရွှေ၊ ဗခမက မင်းအောင်လှိုင်၊ အကုန်လုံးလုပ်သမျှလည်း ရွှေဗမာပဲတဲ့။

မန်း ဘယ်သူဖြစ်ဖြစ်၊ ဒူးဝါး ဘယ်သူဖြစ်ဖြစ်၊ ဆလိုင်း ဘယ်သူဖြစ်ဖြစ်၊ ခွန် ဘယ်သူဖြစ်ဖြစ်၊ စဝ် ဘယ်သူဖြစ်ဖြစ်၊ နိုင် ဘယ်သူဖြစ်ဖြစ်၊ ဒေါက်တာ ဘယ်သူဖြစ်ဖြစ်ကနေပြောလာရင် တခွန်းတလေကအစ တန်ဖိုးရှိကြတယ်။ တယောက်တည်းကပြောပြော တိုင်းရင်းသားလို့သာ အသေမှတ်ယူရတာက ဖေါ်မြူလာ။

ခုတလော ငြိမ်းချမ်းရေးမှာ (တချို့) တိုင်းရင်းသားတွေ ပြောလာတာတွေက နားလည်ရခက်ခက်လာတယ်။ အရပ်သားအစိုးရ လုပ်သမျှ ဆန့်ကျင်သံတွေသာ ကြားနေရတယ်။ စစ်တပ်ကိုကြတော့ လျှော့လျှော့ပေါ့ပေါ့။ အဲတော့ အရပ်သားဗမာတွေ တေမိဇာတ်ခင်းကြရမယ်။

ဒေါက်တာတင့်ဆွေ
၁၅-၅-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး