Spelling Problems စေတနာပဲ

ကျွန်တော့်ပို့စ်တခု = Spelling Disorder မဖြေခင် ပြင်ရာတာက တဒုက္ခ

Kyaw Hnin Yee Lwin တချို့က အသံထွက်အတိုင်း စာရေးကြတယ်ဆရာ။ ဥပမာ တာ လို သုံးရမဲ့ဟာ မှန်သမျှ သာ လို့ဘဲ အသံထွက်တတ်တော့ စာရေးရင်လဲ သာ ဘဲရေးတော့တာဆရာ။ ကျမအသိတယောက်ဆို စေသနာ ဘဲပြောပြီး စေသနာ လို့ဘဲရေးတယ်။

Zinmar Phyo စိတ်တော့မဆိုးပါနဲ့အမရယ်။ ဘဲ မဟုတ်ပါဘူး။ ပဲ ပါ။ အသံထွက်ကတော့ ဘဲလို့ထွက်တာပါ။ လို့ပဲ ရေးတာကအမှန်ပါ။

(ပဲ) နဲ့ (ဘဲ) ကို ကျွန်တော်လည်း မှားတတ်လို့ စေတနာနဲ့ ပြင်လာပေးကြပါတယ်။ (မ) သဘော၊ မရှိ-မဟုတ် သဘော ပါမှသာ (ဘဲ) လို့သုံးတယ်။ သင်ပေးသူတွေကပြောပါတယ်၊ မ နောက်က ဘဲ လိုက်သည်တဲ့။
မြန်မာအဘိဓာန်
ပဲ
၁။ (အပြော) ရည်ညွန်းသောပုဒ်ကို လေးနက်စေသော စကားလုံး၊ (လူပဲ)၊ (နတ်ပဲ)၊
၂။ ကြိယာ၏အနက်ကို ကန့်သတ်လိုရာ၌သုံးသည်။ စားရုံပဲ စားသည်။
ဘဲ = ကြိယာ၏အနက်ကို တားမြစ်လိုရာ၌သုံးသည်။ မသွားဘဲ၊ မလာဘဲ။

(စေတနာ) ဆိုတာ ပါဠိကနေလာတယ်။ အသံထွက်မှန်က (စေဒနာ) လို့ထွက်ရတယ်။
စေတနာ = (စိတ် + ယု) (ဣ) သိခြင်း၊ စေ့ဆော်ခြင်း၊ စေတနာ၊
စေ့ဆော်တိုက်တွန်းတတ်သောတရား၊ သူတပါးအကျိုးကိုလိုလားသောသဘောထား၊
(စေသနာ) လို့ ပြောရင် ရေးရင် စကားမပီသူနဲ့ စာမတတ်သူသာဖြစ်သွားမယ်။
(စေသနာ) လို့ရေးရင် (စိတ်) သဘောမပါ ဖြစ်သွားမယ်။

ကွန်မင့်ပေးသူ နှစ်ယောက်လုံးက စေတနာနဲ့ပဲ ရေးကြပါတယ်။

ဒေါက်တာတင့်ဆွေ
၈-၅-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး