With my Students

မြန်မာပြည်ကကျောင်းသားတွေ အင်္ဂလိပ်စာသင်ယူနေကြတာမှာ ဘာသာပြန်ဆရာအဖြစ်ကူနေတာ စာသင်နှစ်တခု ပြည့်တော့မယ်။ တချို့လည်း နှစ်ပေါက်၊ တချို့လည်း စောစောထွက်ကြရတယ်။ အင်္ဂလိပ်စာမှာ သဒ္ဒါသင်နည်းရော စာသင်နည်းပါ မြန်မာပြည်မှာနဲ့မတူပါ။ အခြေခံနည်းသူတွေက အတော်လိုက်ကြရတယ်။ ကြိုးစားကြပါတယ်။ တရက်ထက်တရက် ကျောင်းသားတိုင်း တိုးတက်လာကြာတာတွေ့လို့ ကျေနပ်မိတယ်။

ကနေ့ကျောင်းဆင်းချိန်မှာ ကျောင်းသားတယောက်က ကိတ်မုန့်တွေလိုက်ဝေနေတယ်။ ကျောင်းအုပ်ဆရာမက  ပြောပြတယ်။ ဒီနှစ် သူတယောက်ပဲ အင်္ဂလိပ်စာပြီးသွားတာတဲ့။

ဒေါက်တာတင့်ဆွေ
၁၁-၅-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး