မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Sunday, December 4, 2016

Amenorrhea ရာသီမလာရင်

မင်္ဂလာပါဆရာ။ အသက် ၂ဝ နှစ် ၉ လ။ အမျိုးသမီး (အပျို)။ လက်ရှိနေရပ့့် (မြန်မာနိုင်ငံသား)။ ဆရာ ကျွန်မ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်ကတည်းက ဓမ္မတာထိန်လို့ ဆေးပြခဲ့ပါတယ်။ ultrasound ရိုက်ပြီး ရေအိတ်အသေးလေး တွေတွေ့၍ ဆေးသောက်ရန် ညွှန်ကြားခဲ့ပါတယ်။ အဆိုပါဆေးစသောက်ကတည်းက ပုံမှန်ဓမ္မတာပြန်လာပါတယ်။ ဒါပေမဲ့ တနှစ်လောက်အထိ မထူးခြား၍ အခြားဆရာဝန်နှင့် ပြောင်းပြခဲ့ပါတယ်။ အဆိုပါ ဆရာဝန်မှ အနေအထိုင်ဆင်ခြင်ရန် အထူးအဖြင့် အစားအသောက် rady made ဆီကြော် လုံးဝမစားရ အစရှိသဖြင့် ညွှန်ကြားကာ အဆိုပါဆေး သောက်နေသည်မှာ တနှစ်နီးပါးရှိပြီဖြစ်သဖြင့် ပုံမှန်ဆိုလျှင် ပျောက်သင့်ပြီဖြစ်ကြောင်း ရှင်းပြပါတယ်။ ထို့နောက် ဆေးဖြတ်ပြီး တလခန့်စောင့်ကာ ဆေးစစ်ပါတယ်။ ငါးမျိုးစစ်တယ်လို့ ပြောပါတယ်။ ဆေးစစ်ချက်တွင် ဘာမှ စိုးရိမ်လောက်စရာ အကြောင်းမတွေ့ဟုဆိုကာ သုံးလခန့် စောင့်ကြည့်မယ်လို့ ပြောပါတယ်။ ဒါ့ပေမဲ့ သုံးလမပြည့်ခင့့် ကို ပညာတော်သင်လာခဲ့ရပါတယ်။ ယခု ရောက်တာ နှစ်လရှိပါပြီ။ အခုထိ ဓမ္မတာမပေါ်သေးပါ။ အပျိုတယောက်အနေနဲ့ ဓမ္မတာမလာတာဟာ ဘယ်လိုပြသနာတွေဖြစ်လာနိုင်ပါသလဲဆရာ။ ဒါဟာ ရောဂါတခုလား ဘာတွေဖြစ်နိုင်ပါသလဲ သိလိုပါတယ်ရှင့်။ ဘာဆက်လုပ်သင့်သလဲဆိုတာလည်း ဆရာ့ထံမှအကြံ ဉာဏ်တောင်းလိုပါတယ်ရှင့်။

(တစ်) ၅ လုံးနဲ့ ပီ) ၅ လုံးကို သတ်ပုံပြင်လိုက်ပါတယ်။ ဆောရီး။

မိန်းကလေး-အမျိုးသမီးတွေ အပျိုဖြစ်ပြီးနောက် သွေးမဆုံးခင်အထိ လစဉ်ရာသီဆင်းတယ်။ ကိုယ်ဝန်လည်းမဟုတ်ပဲ ရာသီမလာစေနိုင်တဲ့အကြောင်းတွေများတယ်။ အသက် ၄ဝ-၄၅ ဆိုရင် သွေးဆုံးတော့မလို့လား စဉ်းစားရမယ်။ မျိုးဥအိမ်ကနေ (အီစထိုဂျင်) ထုတ်တာ နည်းနည်းလာလို့ ရာသီရက်တိုတိုလာမယ်။ နည်းနည်းလာမယ်။ ၁၂ လတာ မလာတော့ရင်တော့ သွေးဆုံးပြီလို့သတ်မှတ်တယ်။ ကလေးနို့တိုက်နေချိန်မှာလည်း ရာသီမလာတတ်ပါ။

ကိုယ်ဝန်တားဆေး၊ တချို့မှာ ရာသီမလာတာဖြစ်တယ်၊ ၃ လခံထိုးဆေးကနေ အဖြစ်များတယ်။ တားဆေးမဟုတ်ပဲ တခြားဆေးတွေကနေလည်း ရာသီမလာဖြစ်နိုင်တယ်။ စိတ်ရောဂါဆေးတွေ၊ ကင်ဆာဆေးတွေ၊ စိတ်မကျဆေးတွေ၊ သွေးတိုးကျဆေးတွေ၊ အလာဂျီဆေးတွေဖြစ်တယ်။ စိတ်-ရုပ် ဖိအားများတာကြောင့်လည်းဖြစ်နိုင်တယ်။ အဝလွန်သူ၊ ပိန်လွန်းသူ။ ပုံမှန်ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ၁ဝ% နည်းရင်ဖြစ်နိုင်တယ်။ Anorexia nervosa စားချင်စိတ်မရှိတဲ့ရောဂါ ဖြစ်နေသူတွေ၊ ကိုယ်လက်လေ့ကျင့်ခန်း သိပ်များသူတွေမှာလည်းဖြစ်နိုင်တယ်။ အမျိုးသမီး အားကစားမယ်တွေ ၅-၂၅% မှာအဲလိုဖြစ်ကြတယ်။

ဟော်မုန်းမူမမှန်ရောဂါတွေကနေလည်း ရာသီမလာပဲနေတတ်တယ်။ PCOS မျိုးဥအိမ် အကျိတ်လေးတွေများခြင်းရောဂါ၊ လည်ပင်းကြီးဟော်မုန်းလွန်ကဲခြင်းနဲ့ နည်းခြင်း၊ Pituitary tumor ဦးနှောက်အကျိတ်ရောဂါတွေကနေလည်းဖြစ်နိုင်တယ်။ ခန္ဓာဗေဒအရချို့ယွင်းချက်တခုခုရှိနေရင်လည်း ရာသီမလာဖြစ်နိုင်တယ်။ သားအိမ်ခြစ်ရာကနေ တချို့မှာ သားအိမ်အတွင်းမှာ အမာရွတ်ဖြစ်တယ်။ ဗိုက်ခွဲမွေးတာနဲ့ သားအိမ်အကျိတ်ခွဲစိတ်ကုသရာကနေလည်း တချို့မှာဖြစ်နိုင်တယ်။ မွေးရာပါမျိုးပွါးလမ်းအင်္ဂါ ချို့ယွင်းနေသူမှာလည်း ရာသီမလာတာဖြစ်နိုင်တယ်။

ဘယ်လိုကုသမလည်း။ ဖြစ်စေတဲ့အကြောင်းရင်းကိုကုသရမယ်။ ကိုယ်ဝန်လည်းမဟုတ်ပဲ ရာသီထိန်နေသူကို Progesterone challenge test (ပရိုဂျက်စတီရုန်း) စမ်းသပ်နည်း လုပ်နိုင်တယ်။
• Medroxyprogesterone acetate (Provera) 10 mg နေ့စဉ်၊ ၅-၇-၁ဝ ရက်။ (သို့)
• Progesterone in oil 100-200 mg ထိုးဆေး တကြိမ်။ (သို့)
• Norethindrone (Aygestin) 5 mg နေ့စဉ် ၇-၁ဝ ရက်။ (သို့)
• Progesterone micronized 400 mg နေ့စဉ် ၇-၁ဝ ရက်။ (သို့)
• Progesterone micronized gel (4 or 8%) ဗဂျိုင်းနာထဲထည့် ၆ ရက်။

ဆေးပေးပြီးနောက် ၂ ပတ်နေရင် သွေးဆင်းလာမယ်။ ၂-၇ ရက်ကြာဆင်းမယ်။ မိန်းကလေးမှာရှိတဲ့ (အီစထိုဂျင်) ဟော်မုန်း အနည်းအများအပေါ်မှာမူတည်တယ်။

Menstruation links ဓမ္မတာစာများ

• Menstrual mood swings ရာသီလာခြင်းနှင့် စိတ်ပြောင်းလဲမှု http://dts-medicaleducation-adult.blogspot.in/2012/08/menstrual-mood-swings.html
• Menstrual Suppression ရာသီမလာအောင်နှိမ်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/08/menstrual-suppression.html
• Menstruation (1) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၁) http://dts-medicaleducation.blogspot.com/2011/04/menstruation.html
• Menstruation (2) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၂) http://dts-medicaleducation.blogspot.in/2011/04/menstruation_25.html
• Menstruation (3) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၃) http://dts-medicaleducation-adult.blogspot.in/2013/10/menstruation-3.html
• Menstruation (4) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၄) http://dts-medicaleducation-adult.blogspot.in/2013/10/menstruation-4.html
• Menstruation after having baby ကလေးမွေးဖွါးပြီးနောက် ဘယ်တော့မှာရာသီပြန်ပေါ်မလည်း http://doctortintswe.blogspot.com/2015/04/menstruation-after-having-baby.html
• Menstruation Period Signals ရာသီ မမှန်ရင် သတိထားစရာတွေ http://dts-medicaleducation-adult.blogspot.in/2012/03/period-signals.html
• Menstruation Questions ရာသီအကြောင်း http://dts-medicaleducation-adult.blogspot.in/2012/03/menstruation-questions.html
• Museum of Menstruation ရာသီပြတိုက် http://doctortintswe.blogspot.com/2014/12/museum-of-menstruation.html
•Menstruation and athlete ကျိန်စာသင့်ခံရတာလား၊ အယူအဆလွဲမှားတာလား http://doctortintswe.blogspot.com/2015/01/menstruation-and-athlete.html

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.