Don't Cry for Me America

ကနေ့ (ကိုပါ အမေရိကား) ဘောလုံးပွဲ ဆီမီးဖိုင်နယ်ကန်ပါတယ်။ ယူအက်စ်မှာနေကြသူတွေ ဖေ့စ်ဘွတ်မှာ ဂိုးရှူးတိုင်း (ဂိုးအရှူးခံရတိုင်း) တင်နေကြတယ်။

COPA AMÉRICA - SEMI-FINAL
USA Argentina = 0-4
အချိန်စေ့မှသာ ကျွန်တော်ကတွေ့တာနဲ့ Don't Cry for Me America လို့ ကွန်မင့်ပေးလိုက်ပါတယ်။

နာမည်ကြီး Don't Cry for Me Argentina သီချင်းကို ၁၉၇၆ ကတည်းက ဗြိတိသျှအဆိုတော် Julie Covington (ဂျူလီ ကိုဗင်တန်) ကသီဆိုခဲ့ပါတယ်။ Andrew Lloyd Webber နဲ့ Tim Rice တို့ကနေ အာဂျင်တီးနားခေါင်းဆောင် အမျိုးသမီး Eva Perón (အီဗာ ပီရွန်) အကြောင်းကို စပ်ဆိုထားတာဖြစ်ပါတယ်။ ၁၉၉၆ မှာတခါ နာမည်ကြီး အမေရိကန်အဆိုတော် Madonna (မက်ဒေါ်နာ) က ပြန်ဆိုပါတယ်။ ကျွန်တော်က အဲတာကိုသာ နားထောင်ဖူးပါတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၆-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး